အခန်း(၄၈) နားဖို့လိုနေပြီ

1.4K 165 0
                                    

အခန်း(၄၈) နားဖို့လိုနေပြီ

ယွီရှိက ကျမ့်ယိလင်ကို မေးလိုက်သည်။ "နင်ကိုင်ထားတဲ့ စာအုပ်နှစ်အုပ်ကို ဘယ်လို သုံးရမလဲဆိုတာကော သိရဲ့လား"

ကျမ့်ယိလင်၏ ပုံစံကြောင့် ယွီရှိ စိတ်ပူမိပါသည်။

သူမလက်ထဲက စာအုပ်တွေကို သယ်သွားပြီး ဟဲယန်နဲ့ ရန်သွားဖြစ်မှာကို သူစိတ်ပူမိ၏။ ဟဲယန်ရဲ့အလိမ္မာဉာဏ်နဲ့ဆို ဒီစာအုပ် နှစ်အုပ်တည်းနဲ့ သူမရဲ့ ရာဇဝတ်မှုကို သက်သေပြဖို့ ကျမ့်ယိလင်အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါ။

ကျမ့်ယိလင် ဒီလိုသွားလုပ်လိုက်ပါက သူမအတွက် ပြဿနာပင် ပိုတက်လာနိုင်သည်။

"သမီးသုံးတတ်ပါတယ်"

ကျမ့်ယိလင်၏ လေသံက တည်ငြိမ်ပြီး ယုံကြည်ချက် ပြည့်ဝနေပါသည်။

သို့သော်လည်း သူမရဲ့ ပုံပန်းသဏ္ဌာန်က နူးညံ့ပြီး ချစ်ဖို့ကောင်းသည့်ခံစားချက်မျိုး ပေးစွမ်းနေဆဲပင်။

ဒီကဏ္ဍတွေမှာ သူမကို စိတ်ချလို့မရဘူးဟု ယွီရှိ ခံစားနေရဆဲ ဖြစ်သည်။ "အဲ့စာအုပ် နှစ်အုပ်ကို ငါ့ဆီမှာ သိမ်းခိုင်းထားလိုက်ပါလား။ နင်လိုအပ်ရင် ငါ့ဆီ ပြန်လာတောင်းလေ"

"မလိုပါဘူး ရပါတယ်" ကျမ့်ယိလင် ပြန်ဖြေလိုက်၏။ သူ့အကြံပေးချက်ကို တွန့်ဆုတ်မှု မရှိဘဲ ငြင်းဆန်လိုက်ပါသည်။

"ဒါ...ဒါဆိုလည်း ဂရုစိုက်ပါ" ယွီရှိ သတိပေးလိုက်သည်။ ကျမ့်ယိလင်လေး တစ်ခုခု ရူးမိုက်တာ လုပ်မိပြီး ပြဿနာတက်တာ သူမပဲ ဖြစ်သွားမှာကို အတော်လေး စိတ်ပူနေသည်။

ကျိုက်ယွင်ရှန်းက ကျမ့်ယိလင်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ယွီရှိကို နင်နားဖို့ အခန်းတစ်ခန်း ရှာခိုင်းလိုက်ရမလား"

နောက်တစ်ဖန် ကျမ့်ယိလင်လေး ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာထားမျိုးနဲ့ သူ့ကို ကြည့်လိုက်ပါသည်။

"ဘာလို့လဲ။ နင်လည်း ပါတီပွဲမှာ ပျော်ချင်လို့လား"

"မပျော်ချင်ပါဘူး"

ကျိုက်ယွင်ရှန်း၏ လေသံက မနူးညံ့ပါ။ သို့သော်လည်း စိတ်ရှည်မှု ရှိသည်။ "ဒါဆိုလည်း သွားနားလိုက်တော့လေ။ နင့်မျက်လုံးတွေ နီရဲနေတာပဲ။ နင့်ကိုယ်နင် တကယ့် ယုန်လေးလို့ ထင်နေတာလာား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Unde poveștirile trăiesc. Descoperă acum