အခန်း(၁၂) ကျမ့်ယိလင်ရဲ့ အချက်အပြုတ် စွမ်းရည်

1.7K 212 2
                                    

အခန်း(၁၂) ကျမ့်ယိလင်ရဲ့ အချက်အပြုတ် စွမ်းရည်

ဒီနေ့မနက် ကျမ့်ယွင်ချန်း အိပ်ယာ မထသေးသဖြင့် ပြဿနာတစ်ခုခုရှိနေလိမ့်ဟု ကျမ့်ယိလင် ထင်သွားခြင်းဖြစ်သည်။ ခဏလောက်စောင့်ပြီးနောက် ကျမ့်ယွင်ချန်း၏ အခန်းတံခါးကို တွန်းဖွင့်ကာဝင်လာခဲ့ပါသည်။

ကျမ့်ယွင်ချန်း အိပ်ပျော်နေဆဲဖြစ်တာကို မြင်ပြီး အိပ်ယာနားကိုသွားကာ သူ့နဖူးကို စမ်းကြည့်လိုက်သည်။

ထိုအခါ သူအဖျားတက်နေမှန်း သိလိုက်ရပါသည်။

ကျမ့်ယွင်ချန်းလည်း သူ့ကိုယ်သူ အဖျားရှိနေမှန်း သိပါသည်။ ဆေးရုံမသွားချင်လျှင် ဆေးတော့ သောက်ရမည်။

ကျမ့်ယွင်ချင်းက သွားတောင် မယူရသေး၊ ဖြူဖွေးနူးညံ့သည့် လက်ကလေးတစ်စုံက သူ့နှုတ်ခမ်းဝသို့ ဆေးကို အသင့်ယူဆောင်လာပေးသည်။

ကျမ့်ယွင်ချင်း ပါးစပ်ဟလိုက်ပြီး ဆေးကို ပါးစပ်ထဲထည့်လိုက်ပါသည်။

ချက်ချင်းဆိုသလို ကျမ့်ယိလင်က ရေနွေးတစ်ခွက်ကို သူ့ပါးစပ်အနားသို့ ကပ်ပေးလိုက်ပါသည်။ သူခေါင်းကို နည်းနည်းငုံ့ကာ သောက်လို့ရသည်။

ရေနွေးသောက်လိုက်ပြီး ကျမ့်ယွင်ချန်း ဆေးကို မျိုချလိုက်ပါသည်။

ဆေးအာနိသင် ပြလာသည့်အခါ ကျမ့်ယွင်ချန်းတစ်ယောက် အိပ်ငိုက်လာတာကို ခံနိုင်ရည်မရှိတော့ပါ။

ဒီအချိန်တောအတွင်း သူ့နားမှာ တစ်ယောက်ယောက်ရှိနေသည်ဟု ကျမ့်ယွင်ချန်း ခံစားခဲ့ရသည်။ သို့သော်လည်း ထိုလူက သူ့ကို မနှောင့်ယှက်ဘဲ တိတ်တိတ်လေးသာ နေနေပါသည်။

သို့သော် သူ့နဖူးထက်က ပဝါကို မကြာခဏလဲပေးနေတာကိုတော့ ခံစားမိပါသည်။

ဘာမှန်းမသိလိုက်ဘဲ နေ့တစ်ဝက်ကုန်လွန်သွားခဲ့သည်။ နောက်တစ်ခေါက် နိုးလာသောအခါ ကျမ့်ယွင်ချန်း အများကြီး ပိုနေလို့ ကောင်းသွားခဲ့ပါသည်။

မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန်မှာ ပထမဆုံး မြင်လိုက်ရတာက ကျမ့်ယိလင်လေး ဖြစ်သည်။ သူမက သူ့အိပ်ယာဘေးမှာ စာအုပ်တစ်အုပ်ကိုင်ရင်း တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now