အခန်း(၃၄) ငါ့အသဲတုံးလေးကို တန်ဖိုးထားမယ်

1.7K 175 2
                                    

အခန်း(၃၄) ငါ့အသဲတုံးလေးကို တန်ဖိုးထားမယ်

ဒီကိစ္စအတွက် ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့ တွန့်ဆုတ်နေမှာကို ကျမ့်ယိလင် သိပါသည်။

သူမ မူလ ဝတ္ထုကို ဖတ်ပြီးပြီဖြစ်ကာ ဒီဇာတ်ဝင်ခန်းကို သူမ မျက်လုံးရှေ့မှာ ပုံဖော်ကြည့်ဖူးပါသည်။

မူလဝတ္ထုထဲတွင် ကျမ့်ယိလင် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ခဲ့သည်။ ငိုယို သောင်းကျန်းခဲ့ပါသည်။

ရလဒ်အနေဖြင့် ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့ အသည်းနုသွားကြပြီး သူမကို အဘိုးကျမ့်တို့အိမ်သို့ မပို့ဖြစ်ခဲ့ပါ။

သို့သော်လည်း အကျိုးဆက်က အတော်လေး ဆိုးရွားသည်။ ကျမ့်ယွင်နော် အိမ်ကိုပြန်ရောက်လာတော့ ကျမ့်ယိလင်နဲ့ သူနဲ့အကြား အခြေအနေ ဆက်တိုက် တင်းမာနေခဲ့သည်။ အချိန်တိုင်း တစ်ယောက်ခေါင်းကိုတစ်ယောက် ဓားတစ်ချောင်းစီနဲ့ ရွယ်ထားကြသလိုမျိုး ခံစားရသည်။

ကျမ့်ယိလင်နဲဲ့ ကျမ့်ယွင်နော်တို့အကြားက ပဋိပက္ခ ပိုပြီး ဆိုးရွားလာခဲ့ပါသည်။ ထို့ကြောင့် ကျမ့်မိသားစု တစ်စုလုံးပါ နက်နက်ရှိုင်းရှိုင်း ဒုက္ခတွင်းထဲ ရောက်ခဲ့ကြရသည်။

ထိုသို့ ထပ်မဖြစ်စေဖို့အတွက် ကျမ့်ယိလင်က သူတို့စီစဉ်ပေးတာကို နားထောင်ပြီး အဘိုးကျမ့်တို့ အိမ်မှာ ခဏလောက် သွားနေဖို့ ဆုံးဖြတ်လိုက်ပါသည်။

မနက်စောစောအချိန်တွင် အဘွားကျမ့် ရောက်လာခဲ့သည်။ ကျမ့်မိသားစုအိမ်ဟောင်းသို့ ကျမ့်ယိလင်၏ အထုပ်အပိုးများ ကျမ့်ယွင်ချန်း သွားမပို့ရသေးခင် အဘွားကျမ့် ရောက်လာခြင်းဖြစ်သည်။

၈ နာရီ စွန်းစွန်းအချိန်ဖြစ်သဖြင့် ကျမ့်ရှုရှင်းလည်း အလုပ်မသွားရသေးပါ။

"အမေ ဘာလို့ ရောက်လာတာလဲ။ ဒရိုင်ဘာကို လာခိုင်းလိုက်လည်း ရရဲ့သားနဲ့။ ဒါမှမဟုတ်် နောက်မှ ယွင်ချန်းကို အထုပ်အပိုး လာပို့ခိုင်းလည်း ရတာပဲ"

ကျမ့်ရှုရှင်းကို အဘွားကျမ့် တမင်တကာ မသိချင်ယောင် ဆောင်လိုက်သည်။ သူမ တံခါးဆီ တည့်တည့် လျှောက်လာခဲ့ပြီး တံခါးရှေ့မှာ ကျမ့်ယိလင်လေး၏ အထုပ်အပိုးများ ပုံထားတာကို တွေ့လိုက်ရသည်။ ထို့နောက် ဒရိုင်ဘာကို အထုပ်အပိုးတွေ ကားပေါ် တင်ခိုင်းလိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now