အခန်း(၃၉) ကျမ့်ယုကျဲရဲ့ ရည်မှန်းချက်များ

1.4K 139 0
                                    

အခန်း(၃၉) ကျမ့်ယုကျဲရဲ့ ရည်မှန်းချက်များ

ကျမ့်ယိလင်ကတော့ အစားကိုပဲ အာရုံစိုက်ထားသည်။

ဟဲယန် ပြောတာကို ဘာမှ မတုန့်ပြန်ခဲ့ပါ။

ကျမ့်ယိလင်၏ အာရုံစိုက်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည်။ ဆူညံနေသည့် ပတ်ဝန်းကျင်တစ်ခုမှာတောင် သူမ အလုပ်ကို အာရုံစိုက်ထားနိုင်ပြီး အနှောင့်အယှက် မဖြစ်ပါ။

စကားပြောရင်း ပြောရင်းနဲ့ ဟဲယန်တစ်ယောက် မျက်နှာ အုံ့မှိုင်းလာသည်။ သူမက လူပြက်ကြီး တစ်ယောက်လိုပင်။

သို့သော်လည်း ကျမ့်ယိလင်ကို သူမ ဘာမှ လုပ်လို့မရပါ။

ညစာ စားပြီးနောက် အားလုံး အိမ်ဝန်းထဲ သွားလိုက်ကြပြီး လက်ဘက်ရည် အတူတူ သောက်ကြပါသည်။

ဒါက အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ရဲ့ အလေ့အထတစ်ခု ဖြစ်သည်။ သူတို့ သားသမီးများ လာလည်သည့်အခါမှာလည်း အဘိုးကျမ့်၊ အဘွားကျမ့်တို့နဲ့အတူတူ သောက်တတ်ပါသည်။

တစ်ချိန်တည်းမှာပင် အဘိုးကျမ့် သဘောကျသည့် လှလှပပ သစ်ခွပန်းများကို ကြည့်ရှု ခံစားနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။

အိမ်ဝန််းရဲ့ ဒီဇိုင်းက အစက ဥရောပ စတိုင် ဖြစ်၏။ သို့သော်လည်း အဘိုးကျမ့်က သစ်ခွပန်းများကို သဘောကျသဖြင့် ပင်စင်ယူပြီးနောက် ဥယျာဉ်ထဲမှာ သစ်ခွပန်းများကို စတင် စိုက်ပျိုးခဲ့ပါသည်။

အိမ်ဝန်းထဲမှာ တရုတ်စတိုင် ပန်းဥယျာဉ်တစ်ခုကို အဘိုးကျမ့် ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ထားသည်။ ထို ဥယျာဉ်က အိမ်တော်ကြီးရဲ့ စတိုင်နဲ့ မကိုက်ညီလှပါ။ ဥယျာဉ်ထဲမှာ မဟော်ဂနီ ပရိဘောဂများနဲ့ လက်ဘက်ရည်ဗန်းတစ်ခု ရှိနေသည်။ သစ်ခွပန်းများကို စားပွဲနဲ့ ခုံတန်းရှည်ဘေးမှာ စိုက်ပျိုးထား၏။

"ညီမလေး ယိလင်။ ငါ့လက်ကို ကြည့်။ ဘာမှ မရှိဘူးနော်"

ကျမ့်ယုကျဲက ကျမ့်ယိလင်ကို သူ့လက်တွေ ပြလိုက်သည်။

သူ့လက်တစ်စုံက နူးညံ့ပြီး ကျော့ရှင်းနေပါသည်။

ကျမ့်ယိလင်လေးကို သူ့လက်ဖဝါးနဲ့ လက်ဖမိုးတို့အား ပြလိုက်သည်။ ထို့နောက် လက်ကို လှန်ပြလိုက်သောအခါ ဘယ်ကမှန်းမသိ အနီရောင် နှင်းဆီတစ်ပွင့် ရုတ်တရက် ပေါ်လာခဲ့ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now