အခန်း(၆၆) လက်ဆောင်(၃)

981 110 0
                                    

အခန်း(၆၆) လက်ဆောင်(၃)

ဒေါ်လေးမို ထင်လည်း ထင်ချင်စရာပင်။

ကျမ့်မိသားစုကလွဲပြီး ကျမ့်အိမ်တော်ထဲ ဝင်နိုင်တဲ့သူ အနည်းငယ်သာ ရှိသည်။ သူမ၊ ဒေါ်လေးအန်းနဲ့ သူမသမီးတို့သာ ဖြစ်သည်။

ဒီပစ္စည်းတွေကို အခု စားပွဲဝိုင်းမှာ ထိုင်နေတဲ့ ဘယ်သူမှ ပြင်ပေးထားတာ မဟုတ်ပါ။ သူတို့ တံခါးမှ ချထားဖို့ မလိုကြသောကြောင့် ဖြစ်သည်။

ထိုအတွေးဖြင့် မွေးနေ့လက်ဆောင်ကို ချန်ထားပေးခဲ့တာ ဖြစ်နိုင်သည့် တစ်ဦးတည်းသောလူက သူမရဲ့ သမီး မိုရှစ်ယွင်ပင်။

ထို့အပြင် လက်ဆောင်ကလည်း အရင်တစ်ခေါက်က သူမ လုပ်ခိုင်းထားတာတွေသာ ဖြစ်နေသည်။

ကျမ့်ယိလင် ကျမ့်အိမ်တော်ကို ပြန်လာလိမ့်မည်ဟု ဒေါ်လေးမို စဉ်းတောင် မစဉ်းစားမိပါ။ ထို့အပြင် အခုလို အခြေအနေမျိုးမှာ ကျမ့်ယိလင်က ကျိန်းသေပေါက် သူမ အစ်ကိုကြီးကို မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားမိမှာ မဟုတ်ပေ။

ဒေါ်လေးမို မှတ်မိသလောက်ဆို ကျမ့်ယိလင်က အမြဲတမ်း အလိုလိုက်ခံထားရပြီး ဗိုလ်ကျတတ်သည့် ကောင်မလေး ဖြစ်သည်။ သူမ အစ်ကိုကြီးကို လက်ဆောင်ဦးစွာပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။

ဘာကြောင့် လက်ဆောင်ကို တံခါးရှေ့မှာ ထားခဲ့ရတာလဲဆိုတာကတော့ သူမသမီး ရှက်နေတာကြောင့် ဖြစ်နိုင်ပါသည်။ ထိုနေ့က မွေးနေ့လက်ဆောင်ပေးဖို့ ပြောခဲ့တုန်းကတောင် မိုရှစ်ယွင် ဆက်တိုက် ငြင်းဆန်နေခဲ့တာပဲ မဟုတ်လား။

သူမအမေရဲ့ တောက်ပနေတဲ့ အပြုံးကို မြင်သောအခါ မိုရှစ်ယွင်ကလည်း ဒီပစ္စည်းတွေကို သူမအမေ ဝယ်ထားတာဟု ယူဆလိုက်မိပါသည်။

သူမပညာရေးနဲ့ အလုပ်ရှုပ်နေပြီး မွေးနေ့လက်ဆောင်ပြင်ဆင်ဖို့ အချိန်မရှိမှန်း သူမ အမေသိတာကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် လက်ဆောင်ကို အပြင်က ဝယ်ပြီး သူမသမီး လုပ်ပေးထားတာဟု လိမ်တာ ဖြစ်နိုင်သည်။

မိုရှစ်ယွင်က လိမ်ရတာကို သိပ်ပြီး စိတ်တိုင်းမကျပေ။ ဝယ်ယူထားတဲ့ ပစ္စည်းတစ်ခုကို သူမကိုယ်တိုင် ထိုးလုပ်ထားသည်ဟု မပြောချင်ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now