အခန််း(၈၉) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၄)

918 106 0
                                    

အခန််း(၈၉) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၄)

ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးက ဘာလို့ ဒီလိုဂိမ်းမျိုးမှာ ကျွမ်းနေတာလဲ။ သူမရဲ့ နည်းစနစ်နဲ့ တိကျမှုတို့ကြောင့် သူ့လို ယောက်ျားကြီးတွေကိုပါ အရှက်ရစေပါသည်။

သူမက လက်တည့်သည်။ တည်နေရာ ချရာမှာလည်း စနစ်ကျသည်။ ဖြစ်လာမည့် အရာများကို ကြိုတင်ခန့်မှန်းရာမှာလည်း တော်သည်။

မျက်စိတစ်မှိတ် အချိန်အတွင်း ၂ နာရီ ကုန်လွန်သွားခဲ့သည်။ ယွီရှိရဲ့ အဆင့်လည်း ပလက်တီနမ်မှ စိန်အဆင့်ထိ ရောက်လာသည်။ ကျမ့်ယိလင်လေးရဲ့အဆင့်က ကြားဆင့်တွေ အကုန်လုံးကို ကျော်လွှားပြီး ပလက်တီနမ်အထိ ရောက်လာခဲ့ပါသည်။

elo တက်ခြင်း မတက်ခြင်းက ကစားသမားတစ်ယောက်၏ တစ်ကိုယ်တည်း လှုပ်ရှားမှု အပေါ်မှာ မူတည်ပါသည်။ ကစားပွဲတစ်ပွဲ အဆုံးတွင် တွက်ချက်ပေးလေ့ရှိသည်။

ကစားပွဲတိုင်းမှာ ကျမ့်ယိလင်လေးက အမှတ် အလွန်မြင့်မြင့်မားမား ရရှိထားသဖြင့် သူမအဆင့်တက်တာက ယွီရှိထက် ပိုမြင့်ခဲ့သည်။

လက်ရှိအခြေအနေတွေတိုင်းသာဆို ကစားပွဲ နည်းနည်းလောက် ထပ်ကစားလိုက်ပါက ကျမ့်ယိလင်လေးရဲ့ အဆင့်က ယွီရှိကိုတောင် ကျော်တက်သွားလောက်ပါသည်။

ဂိမ်းထဲကမထွက်ခင် ကျမ့်ယိလင်လေး leaderboard ကို လှမ်းကြည့်လိုက်သည်။

ထိုပေါ်တွင် ZYS ဆိုသည့် ID ကိုမြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက leaderboard မှာ အဆင့် ၁ ဖြစ်၏။

"အိမ်ပြန်ကြစို့" ကျမ့်ယိလင်က ယွီရှိကို လှည့်ကြည့်ပြီး ချိုချိုမြိန်မြိန်အသံလေးဖြင့် ပြောလိုက်သည်။

ယွီရှိလည်း ကျမ့်ယိလင်လေးကို ပြန်ကြည့်လိုက်၏။ သူ့မျက်လုံးတွေထဲ ဖြူဖွေးကာ  သက်ဝင်တက်ကြွနေသည့် သူမ မျက်နှာလေး ပေါ်လာသည်။ ဘယ်ဘက်ကပဲကြည့်ကြည့် သူမပုံစံက အားနည်းပြီး ခိုကိုးရာမဲ့နေသည့် ကောင်မလေး တစ်ယောက်လိုပင်...

ခုနက ဖြစ်ပျက်သွားတာတွေကို ယွီရှိ နားမလည်နိုင်တော့ပါ။ ကျမ့်ယိလင်လေးနဲ့ သူ့အဖွဲ့သား J10 နဲ့ ဘယ်လိုလုပ် တူတူပဲ ဖြစ်နိုင်မှာလဲ။ ပုံရိပ်နှစ်ခုက လိုက်ဖက်မှု ရှိမနေပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now