အခန်း(၄)ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ

1.8K 196 0
                                    

အခန်း(၄)ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ

ထိုဗူးမှာ မိုရှစ်ယွင် ကျမ့်ယွင်နော််ကို ပေးခဲ့သည့် နေ့လည်စာ ထမင်းဗူးဖြစ်ပါသည်။ ကျမ့်ယွင်နော် စားချင်စိတ်မရှိသဖြင့် အနည်းငယ်သာ စားခဲ့သည်။ အစားအစာ အများစုက နေ့လည်စာထမင်းဗူးထဲမှာ ကျန်နေပါသေးသည်။

သူလုပ်လိုက်တာ အလွန်မြန်ဆန်သောကြောင့် အခန်းထဲက လူ ၃ ယောက်စလုံး သူ့ကို တားဖို့ အချိန်မရခဲ့ပါ။

ပလက်စတစ် နေ့လည်စာထမင်းဗူးက ကျမ့်ယိလင်၏ ခေါင်းကို မှန်သွားသည်။ စားစရာအားလုံး သူမခေါင်းပေါ်မှ ခြေဖျားအထိ ပေကျံ ပြုတ်ကျသွားပါသည်။

"ယိလင်!" ဝမ်းနွမ်က အော်လိုက်ပြီး အမြန်ပြေးသွားခဲ့သည်။

ဒီလို ဖြစ်ရပ်မျိုးနဲ့ ကြုံရတာ ယခင် ကျမ့်ယိလင်သာဆို ဆူညံသံပေါင်းစုံထွက်ပြီး ဝုန်းဒိုင်းကြဲနေလောက်ပါပြီ။

သို့သော်လည်း ယခု ကျမ့်ယိလင်ကတော့ စကား တစ်ခွန်းမပြောဘဲ အားလုံးကို တိတ်ဆိတ်စွာသာ ကြည့်နေသည်။

"သမီးဘာမှ မဖြစ်ပါဘူး" ကျမ့်ယိလင်က သူမရဲ့ လက်ဖမိုးနဲ့ မျက်နှာပေါ်က အပေအကျံများကို သုတ်လိုက်ရင်း ပြောလိုက်သည်။

သူမ အထွန့်မတက်ပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါ။ သူမကိုယ်သူမ အပြစ်ရှိသည်ဟုလည်း မခံစားရပါ။

သူမ အားလုံးကို တိတ်ဆိတ်စွာသာ လက်ခံလိုက်သည်။

"ဘာဖြစ်လို့လဲ အပြစ်ရှိတယ်လို့ ခံစားရလို့လား။ နင့်ကို တစ်ချက်လောက် ပြန်ချတာတောင် နင်က သည်းမခံနိုင်တော့ဘူးလား"

အမေဖြစ်သူက ကျမ့်ယိလင်ကို စိုးရိမ်နေတာကို မြင်သောအခါ ကျမ့်ယွင်နော်၏ အရွဲ့တိုက်သည့် လေသံ ထွက်ပေါ်လာခဲ့သည်။ သူ့စိတ်အခြေအနေ ပို၍ပင် မသာမယာ ဖြစ်လာခဲ့ပါသည်။

ဝမ်းနွမ်၏ လက်တွေ အေးစက်သွား၏။

ဒဏ်ရာရနေသည့် ကလေး ၂ ယောက်အကြား ကြားညပ်နေပြီး ဘာလုပ်ရမှန်း မသိတော့ပါ။

လူနာခန်းထဲက အခြေအနေတွေလည်း ခေတ္တလောက် ထိုင်းမှိုင်း တင်းမာလာခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now