အခန်း(၁၀၂) ခြံဝန်းထဲက အသားကင်ပွဲတော် (၃)

681 84 3
                                    


ဟ... ဘာလဲဟ...။ ဆရာရှန်း ဒီတိုင်းပဲ သဘောတူလိုက်တာလား။

ဒီနေ့ကျမှ ဆရာရှန်း တော်တော် ပြောလို့ဆိုလို့ ကောင်းနေသည်ဟု ယွီရှိ ခံစားလိုက်မိပါသည်။

ကျမ့်ယုကျဲကတော့ မကျေနပ်စွာဖြင့် နှာမှုတ်လိုက်၏။ သို့သော်လည်း ဘာမှ မပြောပါ။ ဆရာရှန်း ကျန်းမာရေးမကောင်းတာ သူလည်း ကြားဖူးပါသည်။ ထို့ကြောင့် ကျမ့်ယိလင်လေး သူ့အတွက်သီးသန့် အစားအစာ ပြင်ပေးတာ အဓိပ္ပာယ်ရှိပါသည်။

တခြားသူတွေအားလုံးလည်း ကိုယ့်ထိုင်ခုံကနေကိုယ် အခြေအနေကို လှမ်းကြည့်နေကြသည်။ ဝင်နှောင့်ယှက်လျှင် အနေခက်သွားမှာဆိုးသဖြင့် ဘာမှ ဝင်မပြောခဲ့ကြပေ။

သမီးဖြစ်သူနဲ့ ကျိုက်ယွင်ရှန်း ခဏခဏ စကားပြောနေတာကို မြင်ရသောအခါ ဝမ်းနွမ် အတော်လေး စိတ်ဖိစီးရပါသည်။

အဘွားကျမ့်ကို အကူအညီတောင်းဖို့ လှမ်းကြည့်လိုက်၏။

သို့သော်လည်း အဘွားကျမ့်က ဒီလိုဆက်ဆံတာကို တားမြစ်ဖို့ စိတ်ကူးရှိပုံမပေါ်ပါ။

ဆရာရှန်းက ပြောရဆိုရခက်သော်လည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သို့မဟုတ် ဆိုးရွားတဲ့ အလေ့အကျင့်တွေ မလုပ်တတ်ဘူးဟု အဘိုးကျမ့်ဆီကလည်း သူမ ကြားပြီးသား ဖြစ်ပါသည်။

ကျိုက်ယွင်ရှန်းရဲ့ မိသားစုက သူ့ကို မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးဖို့ နည်းလမ်းပေါင်းများစွာ ကြိုးစားခဲ့မှန်း အားလုံးလည်း သိပြီးသားဖြစ်သည်။ သို့သော် ကျိုက်ယွင်ရှန်းက အားလုံးကို ငြင်းခဲ့ပါသည်။

ထို့အပြင် အဘိုးကျမ့်ရဲ့ သုံးသပ်ချက်အရ အခြေခံအားဖြင့် ဆရာရှန်းမှာ လူကောင်းတစ်ယောက် ဖြစ်သည်။ သူ့စရိုက်က ကျမ့်ယိလင်လေးနဲ့ ခပ်ဆင်ဆင်တောင် ဖြစ်ပါသည်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အဘိုးကျမ့်ကို အဘွားကျမ့် ယုံကြည်ထားပါသည်။

ထို့အပြင် လူငယ်တွေအချင်းချင်း ပတ်သတ်တာ ဘာဖြစ်လို့လဲ။ ဒီမှာလည်း လူတွေအများကြီး ရှိနေတာပဲ မဟုတ်လား။ သူမသာ ဝင်နှောင့်ယှက်ရမယ်ဆို ကျိုးကြောင်းမသင့်ရာ မကျဘူးလား။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now