အခန်း(၈၆) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၁)

1K 110 0
                                    

အခန်း(၈၆) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၁)

ကျမ့်ယိလင်လေး ညစာ စားပြီးသောအခါ စာကြည့်ခန်းထဲ ပြန်ဖို့ ပြင်လိုက်သည်။ ထိုအချိန်တွင် ယွီရှိက အိမ်ကို လာလည်လေသည်။

"အဘွားကျမ့်။ ယိလင်လေးကို လာတွေ့တာ။ သူဒီနေ့ည အားလား။ ဂိမ်းကစားဖို့ ခေါ်သွားလို့ ရလား"

လူကြီးသူမရှေ့တွင် ယွီရှိက လေးစားမှုရှိပြီး သိမ်မွေ့သည်။ သူတို့ရဲ့ သဘောကျမှုကို အရယူရာတွင် ထူးချွန်တဲ့လူမျိုး ဖြစ်သည်။

ထို့အပြင် အဆင့်ကောင်းကောင်းလည်း ရကာ တက္ကသိုလ်ကောင်းကောင်း တက်နိုင်ခဲ့သူ။ သူက တခြားမိဘတွေ ကိုယ့်ကလေးကိုယ် နှိုင်းယှဉ်ဖို့ သုံးတတ်တဲ့ လူမျိုး ဖြစ်သည်။

အဘွားကျမ့်က မကန့်ကွက်ပေ။ "ယိလင်လေးကို သွားမေးလိုက်လေ။ သူလိုက်ချင်တယ်ဆို ငါမကန့်ကွက်ပါဘူး။ ဒါပေမယ့် ၈ နာရီ မထိုးခင်တော့ ပြန်လာပို့ရမယ်"

ကျမ့်ယိလင်လေး လိုက်သွားလို့ရသည်။ သို့သော် အိမ်ပြန်နောက်ကျလို့ မရပါ။

ကျမ့်ယိလင်လေးကို ဂိမ်းကစားဖို့ ယွီရှိ လာခေါ်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်သဖြင့် အဘွားကျမ့်က အလွယ်တကူ သဘောတူလိုက်ခြင်းဖြစ်သည်။ အရင်တုန်းကလည်း ဘာမတော်တဆမှုမှ မဖြစ်ဖူးပါ။

"ကိစ္စမရှိပါဘူး" ယွီရှိ အာမခံလိုက်၏။

ကျမ့်ယိလင် ယွီရှိကို ခေတ္တ မော့ကြည့်လိုက်သည်။ သို့သော်လည်း ကျိုက်ယွင်ရှန်းကို သူမ ကျေးဇူး ဆပ်ရဦးမည်ဆိုတာကို သတိရသွား၏။ ထို့ကြောင့် ယွီရှိနဲ့ လိုက်သွားဖို့ သဘောတူခဲ့ပါသည်။

ယွီရှိနဲ့ ဟိုဘက်အိမ်ကို လိုက်လာခဲ့ပြီး အပန်းဖြေအခန်းထဲကို ဝင်လာခဲ့သည်။

ယွီရှိက သူမကို ကွန်ပျူတာများ တန်းစီထားသည့် ထောင့်တစ်နေရာသို့ ခေါ်သွား၏။

ကျမ့်ယိလင်လေးကို တကယ်ဂိမ်းကစားဖို့ ခေါ်လာတာဖြစ်ပါသည်။

သို့သော်လည်း ကျိုက်ယွင်ရှန်းနဲ့အတူတူ ကစားရမှာဖြစ်သည်။

ကျိုက်ယွင်ရှန်းက ကွန်ပျူတာ တစ်လုံးရှေ့မှာ စောင့်နေပြီးသား။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now