အခန်း(၄၃) သုတေသနအဖွဲ့အစည်းမှာ ချိန်းဆိုခြင်း

1.5K 165 0
                                    

အခန်း(၄၃) သုတေသနအဖွဲ့အစည်းမှာ ချိန်းဆိုခြင်း

ဝမ်းနွမ်ဆို ညစာစားနေစဉ် စကားတောင် မပြောခဲ့ပါ။ သူမ သမီးအကြောင်း စဉ်းစားနေတာ ဖြစ်သော်လည်း အရမ်းကြီး သိသာအောင် လုပ်လို့ မဖြစ်ပေ။ ထို့ကြောင့် သူမ သတိထားရပြီး ခံစားချက်တွေ ဖုံးကွယ် ထားရပါသည်။

ယိလင်လေးကို အစီအစဉ်တွေ ပြောပြတုန်းက ဝမ်းနွမ် တမင်သက်သက် ပြန်မလာခဲ့ခြင်း ဖြစ်သည်။ ယိလင်လေးကို မြင်လိုက်ပါက သူမရဲ့ ဆုံးဖြတ်ချက် ယိမ်းယိုင်သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သူမရဲ့ သမီးလေး ကျမ့်မိသားစု အိမ်တော်ဟောင်းမှာ အချိန်ခဏလောက် နေရဦးမည် ဖြစ်ကြောင်း တွေးမိသောအခါ သူမရင်ထဲ တင်းကြပ်သွားရ၏။

အကုန်လုံး ညစာကို တိတ်တိတ်ဆိတ်ဆိတ်သာ စားခဲ့ကြပါသည်။

မိုရှစ်ယွင်လည်း ညစာစားနေစဉ် ဆူညံသံ မထွက်ရဲတော့ပါ။

ညစာစားပြီးနောက် မိုရှစ်ယွင် အိမ်စာလုပ်ဖို့ သူမ ကိုယ်ပိုင်အခန်းထဲ ပြန်လာခဲ့ပါသည်။ ဒေါ်လေးမိုက ကိစ္စတချို့ သတိပေးဖို့အတွက် အမြန်ရောက်လာခဲ့သည်။

"ရှစ်ယွင်။ ရက်ပိုင်းလောက်နေရင် ယွင်ချန်းရဲ့ မွေးနေ့ရောက်တော့မယ်နော်။ သူ့အတွက် မွေးနေ့လက်ဆောင် ပြင်ထားဖို့ မမေ့နဲ့ဦး"

"အမေ သမီးက ယွင်ချန်းနဲ့မှ မရင်းနှီးတာ။ သူ့မွေးနေ့အတွက် မွေးနေ့လက်ဆောင် ပြင်ပေးတာ ထူးဆန်းနေမယ် ထင်တယ်။ နည်းနည်း ဂရုစိုက်လွန်းရာကျပြီး သိပ်မသင့်တော်လောက်ဘူးထင်တယ်"

"အမေက သမီးကို အလွန်အကျွံဂရုစိုက်ခိုင်းတာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးကိုယူပြီး ဒီအချိန်တောအတွင်း အမေတို့ကို စောင့်ရှောက်ပေးခဲ့တဲ့ ကျမ့်မိသားစုကို ကျေးဇူးတင်ခိုင်းတာပါ။ သမီး ဒီမှာ နေတာ ကြာပြီ မဟုတ်လား။ ဒါပေမယ့် သခင်နဲ့ သခင်မတို့ကို ကျေးဇူးတင်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူးလေ"

မိုရှစ်ယွင် စဉ်းစားကြည့်လိုက်သည်။ သူမ အမေပြောနေတာ အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ထင်မိပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now