အခန်း(၄၇) သဘောတူပြီနော်

1.3K 162 0
                                    

အခန်း(၄၇) သဘောတူပြီနော်

ယွီရှိက ပြုံးကာ ပြောလိုက်ပါသည်။ "ယိလင် ဘာမှမဖြစ်ပါဘူ။ နင့်မှာ အဲ့လိုအတွေးမျိုးလေး ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ဆရာရှန်းက ဘာမှချို့တဲ့တဲ့လူမဟုတ်ဘူး"

ရိုးရိုးသားသား ပြောရလျှင် ဆရာရှန််းက လိုတရ ဖြစ်သည်။ ကျိုက်မိသားစုနဲ့ ထျန်ရှင်း အုပ်စုတို့က ဆရာရှန်းလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးထား၏။ ဒီကလေးမလေး သူ့ကို ကူညီနိုင်တာ ဘာမှမရှိလောက်ပါ။

"ကျွန်မ အများကြီး လုပ်ပေးနိုင်တယ်" ကျမ့်ယိလင်က သေချာပြောလိုက်ပါသည်။

အမှန်ပင်။ ယွီရှိကတော့ ကျမ့်ယိလင်၏ စကားလုံးများကို အတည်ပေါက် မယူခဲ့ပေ။

ကျမ့်ယိလင်လေး ကျေးဇူးပြန်ဆပ်ချင်တာ ကောင်းပါသည်။ သို့သော်လည်း ဆရာရှန်းကို ကူညီနိုင်ဖို့ သူမ လုပ်နိုင်တာ ဘာမှမရှိပါ။

ကျိုက်ယွင်ရှန်း ရုတ်တရက် မတ်တပ် ထရပ်လိုက်ပြီး ကျမ့်ယိလင်လေး ရှေ့ကို လျှောက်သွားလေသည်။

လက်နှစ်ဖက်စလုံးကို အင်္ကျီအိတ်ကပ်ထဲဲ ထည့်ထားပြီး ကျမ့်ယိလင်လေးကို ငုံ့ကြည့်လိုက်၏။

"ငါနဲ့ယှဉ်ရင် နင်အရပ်ဘယ်လောက်ရှည်လဲ"

"ရှင့်ခန္ဓာကိုယ်ထဲက အသည်းရှိတဲ့ နေရာလောက်ထိ"

ကျမ့်ယိလင် မေးခွန်းကို ပြန်ဖြေလိုက်ပြီး မျက်လုံးကို ပင့်ကာ ကျိုက်ယွင်ရှန်းရဲ့ ရင်ဘတ်ကို ကြည့်လျက် တည်နေရာကို ခန့်မှန်း ကြည့်လိုက်ပါသည်။

ထို့နောက် ခပ်မြန်မြန်ပဲ မျက်နှာ ပြန်လွှဲလိုက်သည်။

အရင်က ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်ကို မကြည့်ဖူးတာမျိုး မဟုတ်ပါ။ ယခင်တုန်းက လူနာတွေ လှဲလျောင်းနေသောအခါ သို့မဟုတ် သတိလစ်နေကြသောအခါ သူမ စစ်ဆေးပေးရလေ့ရှိသည်။

ယွီရှိက မေးလိုက်၏။ "တခြားသူတွေဆို ရင်ဘတ်နားလောက်လို့ ပြောကြမှာ မဟုတ်ဘူးလား"

ကျမ့်ယိလင်က ရှင်းပြလိုက်၏။ "ရင်ဘတ်ရဲ့ ဧရိယာက အတော်လေးကျယ်တယ်။ အကွာအဝေးက ၁၀ စင်တီမီတာ ပတ်လည်လောက် ရှိနိုင်တယ်။ အသည်းနားမှာလို့ပြောလိုက်ရင် အဲ့ဒီအကွာအဝေးက ၅ စင်တီမီတာလောက် လျော့ကျသွားမယ်"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now