အခန်း(၄၄) ပို့စ်ဖျက်လိုက်ပြီ

1.6K 164 1
                                    

အခန်း(၄၄) ပို့စ်ဖျက်လိုက်ပြီ

ကျမ့်ယိလင်ကို ဟူကျောင်းကျောင်း စကားပြောလိုက်သည်။ "ကျမ့်ယိလင်။ ချွေ့ယီကျန်း နင့်နားက ဖြတ်သွားရင် ကွေ့ပတ်ပြီးတောင် သွားတာ ငါသတိထားမိတယ်။ နင်က အရမ်းဉာဏ်ကောင်းတာပဲ! ဗီဒီယိုတင်လိုက်ရင် ချွေ့ယီကျန်း ဒီ့ထက် ဒုက္ခရောက်သွားမှာ မှန်ပေမယ့် နင့်ကို ပြဿနာ ဆက်တိုက် ထပ်ရှာတော့မှာ။ ဒါပေမယ့် အခု နင်မတင်ထားဘူးဆိုတော့ သူနင့်ကို ပြဿနာ လုံးဝ ရှာလို့မရတော့ဘူး!"

ရက်အနည်းငယ်လောက် အကဲခတ်စောင့်ကြည့်ပြီးနောက် ဟူကျောင်းကျောင်း ဒီလို ကောက်ချက် ချနိုင််ခဲ့ပါသည်။

ချွေ့ယီကျန်းတစ်ယောက် ကျမ့်ယိလင်ကို ပြဿနာ မရှာတော့ပါ။ ထို့အပြင် ချွေ့ယီကျန်းနဲဲ့ ပတ်သတ်သည့် ဗီဒီယိုတွေအားလုံးကိုလည်း သူ့အဖေက ဖျက်ပစ်ခဲ့ပါသည်။ ဒီကိစ္စကို လျှို့ဝှက်ဖြေရှင်းဖို့ သူ့ပိုက်ဆံတွေ သုံးခဲ့ရ၏။

ကျမ့်ယိလင်လည်း ခေါင်းကို တိတ်ဆိတ်စွာ ငြိမ့်ပြလိုက်ပါသည်။

ရက်ပိုင်းလောက် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြပြီးနောက် ဟူကျောင်းကျောင်း ကျမ့်ယိလင်ကို မကြောက်တော့ပါ။ ကျမ့်ယိလင်ရဲ့ တိတ်ဆိတ်မှုကို သူမ အသားကျနေပါပြီ။

ဟူကျောင်းကျောင်းက ကျမ့်ယိလင်ကို ဆက်ပြောလိုက်သည်။ "သြော်။ ပြီးတော့ ငါတို့ ကျောင်း Forum ကိုဝင်ကြည့်ပြီးပြီလား။ ဒီ ၂ ရက်အတွင်း နင်နဲ့ ပတ်သတ်တဲ့ ပို့စ်တွေ အကုန်လုံးကို တစ်ယောက်ယောက်က ဖျက်ပေးလိုက်ပြီ!"

ပို့စ်တွေ ဖျက်ခံလိုက်ရပြီ ဟုတ်လား။

ကျမ့်ယိလင် သူမ ဖုန်းနဲ့ ကျောင်း Forum စာမျက်နှာကို စစ်ကြည့်လိုက်သည်။ သေချာပါသည်။ ယခင်က ရေပန်းစားခဲ့သည့် ပို့စ်တွေအားလုံး ပျက်သွားပါပြီ။

"နင်တစ်ယောက်ယောက်ကို ဖျက်ခိုင်းလိုက်တာလား" ဟူကျောင်းကျောင်း မေးလိုက်၏။

ကျမ့်ယိလင် ခေါင်းခါပြလိုက်သည်။

ကျမ့်ယိလင် ပို့စ်တွေဖျက်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါ။ ကျောင်းက လူတိုင်းနီးပါး ဒီပို့စ်တွေကို မြင်ပြီးသား မဟုတ်ပါလား။ ဖျက်လိုက်လို့လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now