အခန်း(၁၁၁) ကျမ့်ယွင်နော်ကို ဆုံးမခြင်း (၁)

730 106 0
                                    


"ဘာဖြစ်လို့လဲ ရှစ်ယွင်ရဲ့ လက််ဆောင်အကြောင်းကို ပြောနေတာလား" ကျမ့်ယွင်နော် ပြန်မေးလိုက်ပါသည်။ သူ့မျက်လုံးတွေမှာလည်း ဇဝေဇဝါဖြစ်သည့် အရိပ်အယောင်များ ထင်ပေါ်နေသည်။

"အေး ဟုတ်တယ်" ကျမ့်ယွင်ချန်း ပြန်ပြောလိုက်၏။

"ငါတို့ခုလေးတင် အဲ့အကြောင်း ပြောခဲ့ကြတာ မဟုတ်ဘူးလား" ကျမ့်ယွင်နော် မေးလိုက်ပါသည်။

သူတို့ ခုလေးတင် ပြောခဲ့ကြတာ ဖြစ်သည်။ ကျမ့်ယွင်ချန်းလည်း စက္ကူအိတ်ကို မြင်ပြီးပါပြီ။

"အဖေနဲ့အမေရှေ့မှာ ဖြစ်ကြောင်းကုန်စင် မင်းပြောရမယ်" ကျမ့်ယွင်ချန်း ပြန်ပြောလိုက်၏။ သူ့မျက်လုံးတွေက အေးစက်နေပြီး သူ့မျက်နှာက ခံစားချက်မဲ့နေပါသည်။

ကျမ့်ယွင်နော် ခေတ္တ ရပ်တန့်သွား၏။ ထို့နောက် လှည့်ကာ ပြောလိုက်သည်။ "အမေနဲ့ အဖေ။ ရှစ်ယွင် ပြင်ပေးထားတဲ့ လက်ဆောင်ကို အိမ်ရှေ့နားက ချုံထဲမှာ တွေ့ခဲ့တယ်။ သူ့အိတ်ထဲမှာလည်း ဆွယ်တာ တစ်ထည်နဲ့ မာဖလာတစ်ထည်ရှိတယ်။ ရှစ်ယွင် လိမ်တာ မဟုတ်ဘူး ဒေါ်လေးအန်း ကောက်လာတဲ့ အိတ်က သူ့ဟာ မဟုတ်မှန်း မသိလိုက်လို့ပါ"

ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ ရုတ်တရက်ကြီး သူတို့ စိတ်အခြေအနေများ ဆုတ်ယုတ်သွားရ၏။

ကျမ့်ယွင်ချန်းကတော့ ကျမ့်ယွင်နော်ကို မေးခွန်းတစ်ခု ဆက်မေးပါသည်။ "အဲ့တော့ ဒီကိစ္စတစ်ခုလုံးကို မင်းဘယ်လိုထင််လဲ။ တိုက််ဆိုင်တယ်လို့ ထင်လား"

"အစ်ကိုကြီး"

"မင်းဘယ်လိုထင်လဲဆိုတာသာ ပြောစမ်းပါ။ ဒီ'တိုက်ဆိုင်မှု'ဆိုတာကို မင်းဘယ်လိုသဘောရလဲ ငါကြားချင်တယ်"

ကျမ့်ယွင်ချန်းက ငတုံးမဟုတ်ပေ။ ကျမ့်ယွင်နော်ရဲ့ စကားလုံးတွေမှာ ဒီ'တိုက်ဆိုင်မှု'နဲ့ ပတ်သတ်ပြိး သံသယ အရိပ်အယောင်များ ပေါ်လွင်နေသည်။

ကျမ့်ယွင်နော်ရဲ့ သံသယကို မိဘတွေရှေ့မှာ အသေးစိတ် ထုတ်ပြောခိုင်းနေခြင်း ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now