အခန်း(၈၀) ယိလင်လေးကို ကာကွယ်ကြ(၇)

1.1K 121 2
                                    

အခန်း(၈၀) ယိလင်လေးကို ကာကွယ်ကြ(၇)

ဟူကျောင်းကျောင်း ရင်ထဲ ပဋိပက္ခဖြစ်နေစဉ် ကျောင်းဆင်းခေါင်းလောင်းထိုးသွားခဲ့သည်။

သေပြီ။ ဟူကျောင်းကျောင်း တွေးလိုက်၏။

ဟူကျောင်းကျောင်း အံကြိတ်ကာ ပြောလိုက်ပါသည်။ "ကျမ့်ယိလင် ငါအသင့်ဖြစ်ပြီ! အချိန်မရွေးရဲခေါ်လို့ရတယ်!"

ဟူကျောင်းကျောင်းက ဖုန်းနံပါတ်ကို ရိုက်နှိပ်ထားပြီးသားဖြစ်ပါသည်။ သူမလုပ်ဖို့ကျန််တော့တာဆိုလို ခေါ်ဆိုရန် ခလုတ်ကို နှိပ်ဖို့သာ ဖြစ်သည်။

သူမ စိတ်လှုပ်ရှားနေတာလည်း သိသာပါသည်။

သို့သော်လည်း ကျမ့်ယိလင်လေးကတော့ အခြေအနေကို ဂရုမစိုက်သည့်ပုံပင်။ သူမ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိပါ။ ပုံမှန် မြင်နေကျအတိုင်းနဲ့ ဘာမှ မခြားနားပေ။

ဟူကျောင်းကျောင်းလည်း ကျမ့်ယိလင်ကို လေးစားသွားရ၏။

ကျမ့်ယိလင်က တည်ငြိမ်လိုက်တာ! ဒီလိုကြုံရတာ သူမသာဆိုရင် အခုလောက်ဆို ထိုင်ငိုနေလောက်ပါပြီ။

ဒါက ကျိန်းသေပေါက် သူမ အတုခိုးနိုင်မည့် ကိစ္စ မဟုတ်ပါ။

ကျမ့်ယိလင်နဲ့ ဟူကျောင်းကျောင်းတို့ ကျောင်းဂိတ်ပေါက်သို့ အတူတူ လျှောက်လာကြသည်။ ကျောင်းဂိတ်ပေါက်ကို မရောက်ခင်မှာပင် သူမကို လာကြိုသည့် ချန်းယွီကို ကျမ့်ယီလင် မြင်လိုက်ရပါသည်။

မီးခိုးရောင် လုပ်ငန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ကိုင်း မျက်မှန်တို့ကို တပ်ဆင်ထားသည်။ သူ့ပုံစံက သပ်ရပ်ပြီး နူးညံ့နေပါသည်။

ကျမ့်ယိလင် ချန်းယွီကို မြင်တော့ မျက်လုံးထဲ သံသယနဲ့ စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့လေသည်။

သူ... သူ လုံခြုံရေးအစောင့် ၂ ယောက်လောက်ပဲ တောင်းခဲ့တာပါ။

ချန်းယွီက ကျမ့်ယိလင်လေးကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူမရဲ့ အစ်က်ိုကြီး တစ်ယောက်လိုပင်။ အခြေအနေတွေကို သူမအား ပြန်ပြောပြလိုက်ပါသည်။ "ဂိတ်ပေါက်က ပြဿနာတွေ ရှင်းပြီးသွားပြီ။ စိတ်အေးအေး ထားလို့ ရပါပြီ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now