အခန်း(၉၈) ဆရာရှန်းကို ဆင်ခြေပေးခိုင်းလိုက်

691 85 0
                                    

အခန်း(၉၈) ဆရာရှန်းကို ဆင်ခြေပေးခိုင်းလိုက်

ကျိုက်ယွင်ရှန်းနဲ့ ကျမ့်ယိလင်တို့ နှစ်ယောက်စလုံး မီးဖိုချောင်ထဲ ဝင်သွားတာကို ယွီရှိ မြင်သောအခါ အခြေအနေက အတော်လေး ထူးဆန်းသည်ဟု ထင်သွားသည်။

ယွီရှိ နောက်လှည့်ကာ တခြားသူတွေကို ပြောလိုက်၏။ "ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ အားလုံးရောက်လာမယ် မထင်တော့ ကျွန်တော်တို့ လူ ၅ ယောက်စာပဲ ဝယ်ခဲ့တာ..."

မူလ အသားကင်အစီအစဉ်မှာ လူ ၅ ယောက်စာ အတွက်သာ ဖြစ်သည်။ အခုတော့ လူ ၁၁ ယောက်စာအထိ တိုးသွားခဲ့ပါပြီ။

ဟဲယန်က အမြန်ပြန်ဖြေလိုက်ပါသည်။ "ဒေါ်လေးတို့ ရောက်လာတာကို စိတ်မရှိရင် လိုနေတဲ့ ပစ္စည်းတွေကို ဒေါ်လေးသွားစီစဉ်ပေးပါ့မယ်"

ဆရာရှန်းနဲ့ အတူတူစားသောက်နိုင်သည့် အခွင့်အရေးက ရှားပါးလွန်းသည်။ သူမ ကျိန်းသေပေါက် ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ပါ။

ယွီရှိက ခပ်ပါးပါး ပြုံးလိုက်သည်။ "ကျွန်တော့်ကို လာနောက်နေတာလား။ ဒါက ကျမ့်အိမ်တော်ဟောင်းပဲကို။ ကျွန်တော်တို့ စိတ်မရှိပါဘူး။ လိုနေတဲ့ ဟင်းချက်ပစ္စည်းတွေကို ဒေါ်လေးလက်ထဲပဲ အပ်လိုက်မယ်နော်။။ ကျွန်တော် မီးဖိုချောင်ထဲမှာ သွားကူလိုက်ဦးမယ်"

ဒီလိုနဲ့ ယွီရှိ လက်ကျန် အထုပ်အပိုးများကို ဆွဲသွားပြီး မီးဖိုချောင်ထဲ ဝင်သွားပါသည်။

ဝင်သွားတာနဲ့ ဓားကိုင်ထားသည့် ကျမ့်ယိလင်ကို မြင်လိုက်ရသည်။

သူတို ဝယ်လာသည့် အသားကို ပါးပါးညီညီ အချပ်များဖြစ်အောင် လှီးနေပါသည်။

အမဲသားတုံးအပြင် တခြား အသားတွေကိုလည်း အလွန်ပါးလွှာအောင် လှီးနိုင်သည်။

ကျမ့်ယုကျဲက ခုံးခွံခွာနေသည်။ သူ့ပုံစံက ချိတုံချိတုံ ဖြစ်နေပါသည်။

သူတို့နှစ်ယောက် အလုပ်များနေစဉ် ကျိုက်ယွင်ရှန်းကတော့ ဒီတိုင်း ရပ်ကြည့်နေ၏။

ယွီရှိ ရောက်လာသောအခါ ကျမ့်ယိလင်လေး မီးဖိုချောင်ဓား ကိုင်ထားတာကို မြင်လိုက်ရသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now