အခန်း(၇၅) ယိလင်လေး ကာကွယ်ကြ (၂)

1.1K 118 4
                                    

အခန်း(၇၅) ယိလင်လေး ကာကွယ်ကြ (၂)

"နင်ဘာလုပ်နေတာလဲ ဒါအရေးပေါ်ဟ!"

လောင်ရွှေအန်းက ချန်းယွီကို ကော်လံကနေဆွဲပြီး အတင်း ပြန်ဆွဲခေါ်လာခဲ့သည်။ အရပ် ၁.၈ မီတာလောက်ရှည်တဲ့ ယောက်ျားလေး တစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ ပြန်ဆွဲခေါ်လာခဲ့တာ ဖြစ်သည်။

လောင်ရွှေအန်းရဲ့ အရပ်က ၁.၇၆ မီတာ ဝန်းကျင်ရှိသည်။ သာမန် ယောက်ျားလေး တစ်ယောက်ရဲ့ အရပ်ထက် အနည်းငယ် ပိုရှည်ပါသည်။

သူမရဲ့ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ရှိလှသည်။ လောလောဆယ် သူမဝတ်ထားတဲ့ အဖြူရောင်ကုတ်က သူမရဲ့ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထား၏။ သို့သော်လည်း သူမကို Gym မှာ ချန်းယွီ မြင်ဖူးပါသည်။ သူမ လေ့ကျင့်ခန်းလုပ်တာကို ကြည့်လိုက်ရင် ချန်းယွီ အောက်ကျသလို ခံစားရပြီး ရှက်ရွံ့မိပါသည်။

"အစ်မ အန်း။ ကျေးဇူးပြုပြီး လွှတ်စမ်းပါ! ငါအရေးကြီးကိစ္စ ရှင်းစရာရှိလို့" ချန်းယွီက အလောတကြီး ပြောလိုက်၏။

"ဘာအရေးပေါ်ကိစ္စလဲ"

ချန်းယွီ စိတ်ဖိစီးနေပြီး ဒေါသထွက်လာတာကို မြင်သောအခါ လောင်ရွှေအန်း စနောက်တာ ရပ်လိုက်ပါသည်။

"ငါတို့နဲ့ စာချုပ်ချုပ်ထားတဲ့ အသစ် ကောင်မလေး ဒုက္ခနည်းနည်းရောက်နေတယ်။ ငါအဲ့ကို သွားကူမလို့"

"ဘာ! အဲ့တာဆို နင်ဘာစောင့်နေတာလဲ! ဘာတွေ ဖင်လေးနေတာလဲ! နင်ယောက်ျားကော ဟုတ်ရဲ့လား!"

ဘာမှရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ချန်းယွီကို လောင်ရွှေအန်း တံခါးမှ ဆွဲထုတ်သွားတော့သည်။

ဒီလိုပါရမီရှင်မျိုးနဲ့ သုတေသနအဖွဲ့အစည်းက နေ့တိုင်း စာချုပ်ချုပ်နေရတာ မဟုတ်ပါ။ ကျမ့်ယိလင်လေးက စစဝင်လာတဲ့နေ့မှာပဲ သုတေသနအဖွဲ့အစည်းရဲ့ နာမည်အောက်မှာ သုတေသနစာတမ်းတစ်ခုကို ထုတ်လုပ်နိုင်ခဲ့သည်။

လောလောဆယ် စာပေအဖွဲ့အစည်းကို တင်သွင်းထားသည့် ထိုသုတေသနစာတမ်းသစ်ကြောင့် သုတေသနပညာရှင်ဟောင်းအားလုံး စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ ပျော်လွန်းသဖြင့် စားဖို့သောက်ဖို့တောင် မေ့ကုန်ကြသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now