အခန်း(၆၅) လက်ဆောင်(၂)

1K 98 0
                                    

အခန်း(၆၅) လက်ဆောင်(၂)

ကျမ့်ယိလင်လေး လက်ဗွေနှိပ်ပြီးနောက် အပြင်ဘက်အကျဆုံး သံဂိတ်တံခါးကို ဖွင့်ကာ အိမ်ဝန်းထဲ ဝင်လာခဲ့လေသည်။

ဗီလာကြီးရဲ့ တံခါးမကြီးရှေ့ကို ရောက်တော့ စက္ကူအိတ်လေးကို ချလိုက်ပြီး ကားဆီ ချက်ချင်း ပြန်လာခဲ့ပါသည်။

"သမီးလေး ဘာထားခဲ့တာလဲ" အဘွားကျမ့် မေးလိုက်၏။ ကားထဲက သူမ အကုန်မြင်နေရပါသည်။ ကျမ့်ယိလင်လေး အိမ်ထဲတောင် မဝင်ခဲ့မှန်း မြင်နိုင်သည်။

"မွေးနေ့လက်ဆောင်ပါ"

သူမ စကားကိုကြားသောအခါ အဘွားချမ့် ခေတ္တ စဉ်းစားလိုက်မိသည်။ အတန်ကြာမှ မနက်ဖြန် ကျမ့်ယွင်ချန်းရဲ့ မွေးနေ့ဖြစ်မှန်း မှတ်မိသွားလေသည်။

ခုတလော အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့သဖြင့် ရှုရှင်းနဲ့ ဝမ်းနွမ်တို့တောင် ယွင်ချန်းရဲ့ မွေးနေ့ကို မေ့နေလောက်ပါသည်။

ယိလင်လေးက ရက်စွဲကို မှတ်မိနေဆဲ ဖြစ်တာကို အဘွားကျမ့် အံ့အားသင့်သွားရ၏။

"ဘာလို့ သမီးအစ်ကိုကြီးကို မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားမိခဲ့တာလဲ" အဘွားကျမ့် ပြုံးရင်း မေးလိုက်ပါသည်။ သူမ အကြည့်က နူးညံ့ သိမ်မွေ့လှပါသည်။

အဘွားကျမ့် နှလုံးသား နွေးထွေးသွားပြီး ကြည်နူးသွားရသည်။ သူ့မရဲ့ အသဲတုံးလေးက မွေးနေ့လက်ဆောင်တစ်ခုကို ဦးစွာ ပေးခဲ့သည်။ ဆိုလိုတာက သူမ စိတ်သိပ်မဆိုးသည့် သဘောပင်။

"သမီးလက်ဆောင်ပေးသင့်တယ်လို့ ပြောလို့"

သို့သော်လည်း လက်ရှိ ကျမ့်ယိလင်ကို ပြောနေခြင်းမဟုတ်ပေ။

ယခင် အတိတ်က ကျမ့်ယိလင်ကို ဆိုလိုခြင်းဖြစ်သည်။

မတော်တဆမှုမဖြစ်ပျက်ခင်နဲ့ ကျမ့်ယွင်ချန်းနိုင်ငံခြားက ပြန်မလာခင် မူလကျမ့်ယိလင်က အွန်လိုင်းပေါ်မှာ မေးခွန်းတစ်ခု ပို့စ်တင် မေးခဲ့ပါသည်။ မွေးနေ့လက်ဆောင်နဲ့ ပတ်သတ်သည့် အကြံဉာဏ်တစ်ခုကို တောင်းဆိုခဲ့သည်။

[မကြာခင် အစ်ကိုကြီးရဲ့ မွေးနေ့ရောက်တော့မယ်။ သူ့ကို ဘာပေးသင့်သလဲ။ သူ့ကိုပေးမယ့် လက်ဆောင်အတွက် နည်းနည်း လေးလေးနက်နက် တွေးပြီးပေးချင်တယ်။ p.s ငါ့အစ်ကိုက လိုတာမှန်သမျှ အကုန်ရှိပြီးသားနော်]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now