အခန်း(၉၅) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၂)

732 90 0
                                    

အခန်း(၉၅) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၂)

ကျမ့်ယွင်နော် ခေါင်းမော့လိုက်တော့ ဆွယ်တာဝတ်ထားသည့် ကျမ့်ယုကျဲကို မြင်လိုက်ရသည်။

ထိုဆွယ်တာကို မြင်ဖူးနေသလိုလို...

ထို့ကြောင့် ကျမ့်ယွင်ချန်းကို လှည့်ကြည့်လိုက်၏။

သူတို့ နှစ်ယောက်စလုံးက တစ်ထပ်တည်းနီးပါး တူညီနေသည့် ဆွယ်တာကို ဝတ်ထားမှန်း ကျမ့်ယွင်နော် သတိထားမိသွား၏။ ကွဲတာဆိုလို့ အရောင်သာရှိသည်။

စတိုင်တူ ဆွယ်တာ ဝတ်ထားတာ အံ့သြစရာ မဟုတ်ပါ။ သို့သော် ကျမ့်ယွင်ချန်း ဝတ်ထားသည့် ဆွယ်တာကို ရှစ်ယွင်က ထိုးထားပေးတာ မဟုတ်လား။ ထို့ကြောင့် ယုတ္တိရှိရှိ ပြောရလျှင် ကျမ့်ယုကျဲမှာ ဆင်တူ ဆွယ်တာ ရှိမနေသင့်ပေ။

ကျမ့်ယုကျဲလည်း ကျမ့်ယွင်နော်၏ မျက်နှာကို ခေတ္တလောက် စိုက်ကြည့်နေလိုက်ပြီး သူ့လက်တွေကို ပြောင်းကြည့်လိုက်သည်။ သူ့ဝမ်းကွဲညီအစ်ကိုကို မနှုတ်ဆက်ပါ။

အဘယ့်ကြောင့်ဆိုသော် ကျမ့်ယိလင်က သူ့ကို လှေကားပေါ်က တွန်းချသည်ဟု ကျမ့်ယွင်နော် စွပ်စွဲကြောင်းကို ကျီမင်ထံမှ ကြားခဲ့ရသောကြောင့် ဖြစ်သည်။

သူ့ဒဏ်ရာရတာကို ယိလင်လေးအပေါ်  အပြစ်ပုံချထားသည်။

ကျီမင် လိမ်ညာနေတာသာ မဟုတ်ပါက ကျမ့်ယွင်နော် အခြေအနေတစ်ခုလုံးကို လိမ်ညာထားသည့် သဘောပင်။

ထို့ကြောင့် ကျမ့်ယုကျဲက ခပ်ခွာခွာ နေချင်ခြင်း ဖြစ်သည်။

ကျမ့်ယွင်ချန်း ဝတ်ထားတဲ့ ဆွယ်တာကို ကျမ့်ယုကျဲလည်း သတိထားမိသည်။ ဆွယ်တာက သူ့ဆွယ်တာနဲ့ စတိုင်တူနေမှန်း သတိထားမိ၏။

သံသယဖြစ်စရာမလိုအောင် ယိလင်လေးထံက လက်ဆောင် ဖြစ်နိုင်ပါသည်။

ဟာကွာ...

ဒါဆို သူပဲထူးခြားနေတာ မဟုတ်ဘူးပေါ့... ခဏလောက် စိတ်ဓာတ်ကျသွားမိပါသည်။

သို့သော်လည်း ကျမ့်ယုကျဲ ခံစားချက်ကို အမြန် ပထုတ်လိုက်၏။ ယိလင်လေးဆီက လက်ဆောင်ရသည့် ပျော်ရွှင်မှုကို မဖုံးဖိနိုင်သေးပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Unde poveștirile trăiesc. Descoperă acum