အခန်း(၈၇) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၂)

990 114 0
                                    

အခန်း(၈၇) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၂)

ကျိုက်ယွင်ရှန်းနဲ့ ယွီရှိတို့ကို ဂိမ်းအတူတူ ကစားမည်ဖြစ်ကြောင်း ကျမ့်ယိလင် လုပ်ရပ်နဲ့သာ သက်သေပြခဲ့ပါသည်။

ထိုင်လိုက်ပြီးနောက် သူမ လှည့်မေးလိုက်၏။ "ဘယ်ဂိမ်းလဲ"

ယွီရှိ ဆွံ့အသွားရသည်။ "..."

ဘယ်ဂိမ်းကစားရမှန်း မသိဘဲနဲ့ အတူတူ ကစားဖို့ သဘောတူလိုက်တာလား!

"ငါတို့ ဇာ့ဂ်ကျူးကျော်မှု ဆိုတဲ့ ဂိမ်း ကစားမှာ။ အဲ့ဂိမ်းက နည်းနည်းကြမ်းတယ်။ မကြောက်အောင် စိတ်ကို ကြိုတင်းထား" ယွီရှိက ကျမ့်ယိလင်လေးကို သတိပေးလိုက်သည်။

ခဏလောက် ရပ်တန့်သွားပြီး သတိပေးချက်က မလုံလောက်သေးဟု ခံစားလိုက်ရသည်။ "ဂိမ်းထဲဝင်ပြီး ကွန်ပျူတာကို ပိတ်ချင်ရင် ပိတ်လိုက်လို့ ရတယ်။ နားကြပ်လည်း မတပ်နဲ့။ အသံတွေက ကြောက်ဖို့ကောင်းတယ်"

ဇာ့ဂ်တွေ ချဉ်းကပ်လာသည့်အခါတွင် အသံတွေက အထူးကြောက်ဖို့ကောင်းပါသည်။ အသံတွေက သဘာဝကျလွန်းပြီး ဟာသ လုပ်စရာ မဟုတ်ပေ။

ကျမ့်ယိလင်လေးက ယွီရှိကို ဘာမှ ပြန်မပြောခဲ့ပါ။ ဂိမ်းကို ဖွင့်လိုက်ပြီး 'စာရင်းသွင်း' ခလုတ်ကို နှုတ်လိုက်သည်။

အရင်တစ်ခေါက် ဒီဂိမ်းကို ကစားခဲ့တုန်းက သူမ ချင်းချွမ်ရဲ့ အကောင့်ကို သုံးပြီး ကစားခဲ့တာ ဖြစ်သည်။ သူမကိုယ်ပိုင်အကောင့်ဖွင့်ဖို့ စာရင်းမသွင်းရသေးပါ။

ကျမ့်ယိလင်လေး အကောင့်ဖွင့်ဖို့ လုပ်နေတာကို မြင်သောအခါ ယွီရှိ ပိုစိတ်ပူသွားသည်

ယိလင်လေးသာ ဒီဂိမ်းကို အရင်က မကစားဖူးလျှင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သိမှာ မဟုတ်ပေ...။

သူမသာ ကြောက်လန့်သွားပါက အဘွားကျမ့်ကို ဘယ်လို ပြန်ရှင်းပြရမလဲ။

ကျမ့်ယိလင်ကို ခေါ်လာမိတာ ယွီရှိ ရုတ်တရက်ကြီး နောင်တရလာခဲ့ပါသည်။ သူ elo တက်ချင်တာနဲ့ ကျိုက်ယွင်ရှန်းရဲ့ တောင်းဆိုချက်ကို မလိုက်လျောခဲ့သင့်ပေ။

ID တစ်ခုရိုက်ထည့်ဖို့ နေရာကို ရောက်သောအခါ ကျမ့်ယိလင် ခေတ္တ ရပ်တန့်သွား၏။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now