အခန်း(၁၁၂) ကျမ့်ယွင်နော်ကို ဆုံးမခြင်း (၂)

699 94 0
                                    


ပထမတော့ မိုရှစ်ယွင်ကို ကျမ့်ယွင်နော် ယုံကြည်ခဲ့သည်။ ထို့နောက် သူအရင် ယုံကြည်ထားတာတွေကို မေးခွန်းပြန်ထုတ်မိခဲ့သော်လည်း မိုရှစ်ယွင်ကို ပြန်လည် ယုံကြည်ပေးခဲ့သည်။ သို့သော်လည်း အမှန်တရားက သူ့ကို နောက်တစ်ခေါက် ပြင်းပြင်းထန်ထန် ရိုက်နှက်သွားခဲ့ပြန်လေပြီ။

ကျမ့်ယွင်ချန်းရဲ့ လေသံက အေးစက်ပြီး ခိုင်မာသည်။ "သူဘာလို့ လိမ်လဲဆိုတာတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ဒါအမှန်တရားပဲ။ သက်သေက မင်းမျက်စိ ရှေ့တည့်တည့်မှာပဲလေ"

သူ့မျက်စိရှေ့က သက်သေခိုင်ခိုင်မာမာကိုကြည့်ရင်း ကျမ့်ယွင်နော်ရုတ်တရက် မျက်နှာလွှဲကာ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီ လျှောက်သွားသည်။

ကျမ့်ယွင်ချန်းက သူ့ညီကို အမြန်တားလိုက်ပါသည်။

"အစ်ကိုကြီး ငါ့ကိုလွှတ်! ငါသူ့ကို သွားမေးမယ်! ဘာလို့ ဒိလိုလုပ်ရတာလဲ!"

"သူအရူးလုပ်တာကို တစ်ခေါက်ခံထားရတာ မလုံလောက်သေးဘူးလား။ နောက်တစ်ခေါက် အရူးလုပ်တာကို သွားခံဦးမလို့လား!"

ကျမ့်ယွင်ချန်းက ကျမ့်ယွင်နော်ကို လေသံ အေးအေးဖြင့် မေးလိုက်လေသည်။

"ငါ..." ကျမ့်ယွင်နော် စကားထစ်သွား၏။

ခဏလောက်ကြာမှ ကျမ့်ယွင်နော် ရုတ်တရက် စိတ်ဓာတ်ပြိုလဲကာ စတင်ငိုကြွေးတော့သည်။

ထိုင်ချလိုက်ပြီး လက်ထဲခေါင်းတိုးလျက် ခန္ဓာကိုယ် တုန်ယင်နေကာ ရှိုက်ကြီးတင် ငိုကြွေးနေသည်။

သူ့ငိုသံကြောင့် ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့ အလွန် စိတ်ပူသွားရသည်။

ဝမ်းနွမ်ရှေ့တိုးလာပြီး သူမသားကို နှစ်သိမ့်ဖို့ ပြင်လိုက်၏။ သို့သော်လည်း ကျမ့်ယွင်ချန်းတားတာကို ခံလိုက်ရပါသည်။

ကျမ့်ယွင်နော် သင်ခန်းစာ ယူရမည့် အချိန်ကို ရောက်ပြီ။ ဒီသင်ခန်းစာကို ကောင်းကောင်း မှတ်မိ နေရမည်။ သူ့မိဘနဲ့ အစ်ကိုတွေက တစ်သက်လုံး သူ့အတွက် ရှိပေးနိုင်မှာ မဟုတ်ပေ။ တချို့ အခြေအနေ ကိစ္စတွေမှာ မှန်မှန်ကန်ကန် အကဲခတ် သုံးသပ်တတ်ဖို့ လိုအပ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now