အခန်း(၉) ကျမ့်မိသားစုအိမ်ဟောင်း (၂)

1.7K 206 3
                                    

အခန်း(၉) ကျမ့်မိသားစုအိမ်ဟောင်း(၂)

"ဘယ်လိုပဲဖြစ်ဖြစ် ယိလင်လေး ဘာမှ အမှားမလုပ်ဘူး။ ငါသူ့ကို ယုံတယ်! ပြီးတော့ နင့်အိမ်က အစေခံကို အလုပ်ဖြုတ်ပစ်လိုက်စမ်း။ ယိလင်လေးက သဘောမကျပါဘူးဆိုတာကို ဘာလို့ဆက်ပြီး ခေါ်ထားတာလဲ။ အစေခံကို ပိုက်ဆံပေးထားတယ်ဆိုတာ သခင်ကို စောင့်ရှောက်ဖို့။ သခင်ကို စိတ်တိုအောင် လုပ်ဖို့ မဟုတ်ဘူး!" အဘွားကျမ့်က မျက်နှာလွှဲလိုက်သည်။ သူမ စိတ်ကို လုံးဝ မပြောင်းနိုင်သည့် ပုံစံမျိုးဖြင့် ပြောလိုက်ခြင်းပင်။

သူမရှေ့က အငြင်းပွားနေကြသည့် လူနှစ်ယောက်ကို ကျမ့်ယိလင်လေး ကြည့်လိုက်၏။ သူမလက်ကို ဆန့်တန်းလိုက်ကာ အဘွားကျမ့်၏ အင်္ကျီလက်ကလေးကို ဆွဲလိုက်ပါသည်။

အဘွားကျမ့်က သူမကို ငုံ့ကြည့်လိုက်သည်။

"ရန်မဖြစ်ပါနဲ့ သမီးမှားတာပါ"

တကယ်ပဲ ကျမ့်ယိလင်လည်း တစ်စိတ်တစ်ပိုင်း မှားယွင်းခဲ့ပါသည်။ ဆန့်ကျင်ဘက် လိင်နဲ့ သူငယ်ချင်းလုပ်မိရုံနဲ့ သူမအစ်ကိုကို ရန်မရှာခဲ့သင့်ပါ။

ဒီပြဿနာမှာ မူလဝတ္ထုထဲကကျမ့်ယိလင် တကယ်ပဲ စိတ်သဘောထားသေးသိမ်သည့်အတွက် အပြစ်ရှိခဲ့ပါသည်။

သူ့ကို တွန်းချလိုက်သလား မတွန်းချဘူးလားဆိုတာကိုတော့ ကျမ့်ယိလင်လည်း အဓိပ္ပာယ်မရှိသည့် ငြင်းခုံမှုမျိုး မလုပ်ချင်ပေ။

သူမ အဘိုးအဘွားတွေရှေ့မှာ ဘာသက်သေမှ မရှိဘဲ မလုပ်ဘူးလို့ ခေါင်းမာပြနေပါက သူမရဲ့ မိဘတွေကို စိတ်အနှောင့်အယှက်ပိုဖြစ်စေပြီး  စိတ်ပိုညစ်သွားစေနိုင်ပါသည်။ ဘာအကျိုးကျေးဇူးမှ ရှိမှာ မဟုတ်ပါ။

"ယိလင် သမီး..." အဘွားကျမ့်က အံ့အားသင့်စွာ ပြောလိုက်သည်။

ကျမ့်ယိလင် ထိုစကားလုံးများကို စိတ်ရင်းဖြင့် ပြောပုံအား ကြားပြီးနောက် ကျမ့်ရှုရှင်း၏ နှလုံးသား ကြည်နူးသွားရသည်။

ဒီတစ်ခေါက်တော့ သူမမှားမှန်း သူမသိသည်။

ထိုအချိန်တွင် ကျမ့်ယိလင် အခန်းထဲဝင်လာကတည်းက တိတ်ဆိတ်နေခဲ့သည့် အဘိုးကျမ့်က ပြောလိုက်သည်။ "ယိလင် ဒီကိုလာဦး"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang