အခန်း(၁၁၀) ဒုတိယအစ်ကို ကျမ့်ယွင်မို ဖုန်းဆက်ခြင်း

932 108 7
                                    


ကျမ့်ယွင်ချန်း ဒေါ်လေးအန်းကို စကားပြောပြီးသောအခါ သူ့ဖုန်းသံ မြည်လာလေသည်။ ဒီတစ်ခေါက်က နိုင်ငံခြားမှ ဖုန်းခေါ်ဆိုမှု ဖြစ်ပါသည်။

ကျမ့်ယွင်ချန်း ဖုန်းကိုင်လိုက်တော့ တဖက်လူက မေးလိုက်ပါသည်။

"အစ်ကိုကြီး။ ယိလင် ဘယ်လိုနေလဲ"

လူငယ်တစ်ယောက်ရဲ့ အသံဖြစ်ပါသည်။ သူ့အသံက ရှင်းလင်းပြီး ချောမွေ့လွန်းသည်။

"မင်းဖုန်းဆက်တိုင်း ပထမဆုံး မေးတာက မင်းညီမ အကြောင်းချည်းပဲ။ သူ့ကိုပဲ ဖုန်းဆက်လိုက်ပါလားကွာ" ကျမ့်ယွင်ချန်းက စနောက်ရင်း ပြောလိုက်ပါသည်။

ဖုန်းတဖက်ကလူက သူ့ရဲ့ဒုတိယညီ ကျမ့်ယွင်မို ဖြစ်ပါသည်။

နိုင်ငံခြားမှာ ပညာသင်နေသူဖြစ်သဖြင့် အိမ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအကြောင်း မကြားသေးပါ။

သူသိထားရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။ သူပညာရေးကိုပဲ အာရုံစိုက်ထားတာ ပိုကောင်းပါသည်။

ကျမ့်ယွင်ချန်းရဲ့ အေးစက်ပြီး တည်တံ့သော စရိုက်လို မဟုတ်ဘဲ ကျမ့်ယွင်မိုက သူညီ၊ ညိမတွေကို အများကြီး ပိုချစ်ပါသည်။ ကျမ့်ယိလင်လေးကို ဂရုအစိုက်ဆုံး ဖြစ်၏။ သူမ တစ်ခုခုလိုချင်တယ် ပြောလိုက်တာနဲ့ သူမကို ရအောင် ပေးပါသည်။

အချိန်အတော်ကြာသည်အထိ ကျမ့်ယွင်ချန်းက ရဲသားဆိုး ဖြစ်ခဲ့ပြီး ကျမ့်ယွင်မိုကတော့ ရဲသားကောင်း ဖြစ်ခဲ့သည်။

ယိလင်ငယ်ငယ်လေးတုန်းက သူမ ဒုတိယအစ်ကိုရဲ့ ခြေထောက်ကိုဖက်ပြီး သူမအစ်ကိုကြီးက လူဆိုးဟု ပြောလေ့ရှိသည်။

သူမနောက်မှာ သူမဒုတိယအစ်ကို ရပ်တည်ပေးမည် ဆိုတာကို ယုံကြည်ချက်ရှိနေသောကြောင့် ဖြစ်သည်။ ကျမ့်ယွင်မို ရှိနေသရွေ့ ကျမ့်ယွင်ချန်း ဘာမှ မလုပ်နိုင်တာကို သူမ သိပါသည်။

ဖုန်းတဖက်က ကျမ့်ယွင်မိုလည်း ခေတ္တ တိတ်ဆိတ်သွား၏။ ထို့နောက် သူပြောလိုက်သည်။

"အစ်ကိုကြီး။ ခရစ္စမတ် ငါပြန်မလာနိုင်တော့ဘူး။ ယိလင်နဲ့ မင်းတို့အတွက် လက်ဆောင်တွေ ဝယ်ထားတယ်။ နိုင်ငံခြား ဒလီဘာရီတွေက သိပ်ပြီး မယုံရလို့ စောစောကြိုပို့ထားပေးလိုက်တော့မယ်။ လက်ဆောင်တွေရရင် ငါ့ကိုယ်စား သိမ်းထားပေးစမ်းပါ။ ခရစ္စမတ် ရောက်မှ ယိလင်လေးကို ပေးလိုက်"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now