အခန်း(၅) သီးသန့်ကျူရှင်ဆရာ

1.8K 201 0
                                    

အခန်း(၅) သီးသန့်ကျူရှင်ဆရာ

ကျမ့်ယွင်ချန်းက ကျမ့်ယိလင်ကို စကားဆက်ပြောလိုက်သည်။ "ကျောင်းတစ်ပတ် ခွင့်ယူပြီး နင်လုပ်ခဲ့တဲ့ လုပ်ရပ်ကို ပြန်သုံးသပ်။ ငါပြောတာ ကြားလား"

ကိစ္စများကို သူစာရင်းရှင်းသည့် ပုံစံက သူတို့အဖေထက် ပိုမို မြန်ဆန််ကာ ပြတ်သားမှုလည်း ပိုရှိပါသည်။

ကျမ့်ယိလင်ကလည်း ခေါင်းငြိမ့်လိုက်ပြီး ခိုင်ခိုင်မာမာ သဘောတူလိုက်သည်။

အိမ်မှာ ရက်ပိုင်းလောက် အနားယူလိုက်တာက သူမအတွက်လည်း ကောင်းပါသည်။

မူရင်းဝတ္ထုထဲမှာ ဒီလိုဖြစ်ခဲ့တုန်းက ကျမ့်ယွင်ချန်း ကျမ့်ယိလင်ကို တကယ်ပဲ ပြင်းပြင်းထန်ထန် ဆုံးမခဲ့ပါသည်။

သို့သော်လည်း ကျမ့်ယွင်ချန်းက သူ့ညီမကို အသိအမှတ် မပြုချင်တာကြောင့်မဟုတ်ဘဲ သူ့ညီမဖြစ်နေတဲ့အတွက်ကြောင့် တင်းကြပ်ပေးရမှာ ဖြစ်သည်။ သူ့ညီမကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေဖို့ မျှော်လင့်ချက်ဖြင့် ဖြစ်ပါသည်။

ကျမ့်ယွင်ချန်းက အကြီးဆုံးသား ဖြစ်တာကြောင့် သူ့ညီမကို တန်ဖိုးထားသည်။

မျှော်လင့်ချက် မြင့်မြင့်ထားထားတာကြောင့်ပဲ အလွန်တင်းကြပ်သည့်ပုံစံ ပေါက်နေခြင်း ဖြစ်သည်။

သို့သော်လည်း ကျမ့်ယိလင်ကတော့ သူမ အစ်ကိုကြီး၏ ရည်ရွယ်ချက်များကို သတိမထားမိခဲ့ပါ။ ထို့အစာာယး ကျမ့်ယွင်ချန်း၏ အပြုအမူများကြောင့် သူတို့ရဲ့ ဆက်ဆံရေးက ပိုမို တင်းမာလာခဲ့ပါသည်။

သူတို့နှစ်ယောက်စလုံးက တစ်ယောက်ခံစားချက် အစစ်အမှန်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်း ထုတ်မပြကြပါ။ တစ်ယောက်က လူ့ကန့်လန်ဖြစ်ပြီး နောက်တစ်ယောက်က ပုန်ကန်စိတ်ရှိသူဖြစ်သည်။

နှစ်ယောက်စလုံး အရှုံးကို ဝန်မခံသဖြင့် နားလည်မှုလွဲတာတွေ ဖြစ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ တစ်ယောက်ကို တစ်ယောက် မနှစ်မြို့မှုများ ဖြစ်လာခဲ့သည်။

နောက်ဆုံးမှာတော့ ကျမ့်ယွင်ချန်းက သူ့ညီမကို လုံးဝ ဆုံးရှုံးလိုက်ရသည်။ သူ့ညီမအပေါ် ထားသည့် သံယောဇဉ်အား ပိုရင့်ကျက်၊ သိတတ်နားလည်မှုပိုရှိသည့် ခေါင်းဆောင်မင်းသမီး မိုရှစ်ယွင်အပေါ် လွှဲဲပြောင်းခဲ့သည်။ နောက်တော့ သူက မိုရှစ်ယွင်အတွက် အကူအညီ ကြီးကြီးမားမား ဖြစ်လာခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now