အခန်း(၂၈) ရှန်းဟွာအထက်တန်းကျောင်းကနေ အမြန်ဆုံးထွက်သွား

1.6K 168 0
                                    

အခန်း(၂၈) ရှန်းဟွာအထက်တန်းကျောင်းကနေ အမြန်ဆုံးထွက်သွား

နောက်လိုက် ၂ ယောက်ကလည်း ကျမ့်ယိလင်ကို ဆက်လှောင်ပြောင်နေကြပါသည်။

သူတို့ ပြောလိုက်သည့် စကားလုံးများကြောင့် စာသင်ခန်း ၈ ထဲက ကျန်ကျောင်းသားတွေပါ အနေခက်လာပါသည်။

ချွေ့ယီကျန်းက အလွန်မောက်မာသည့် လူတစ်ယောက်ဖြစ်သည်။ သူမ အဖေက ကျောင်းရဲ့ ဥက္ကဌ ဖြစ်နေတာကြောင့် သူမလုပ်ချင်တာ မှန်သမျှ လုပ်တတ်သည်။ သူမက ကျောင်းရဲ့ မကောင်းဆိုးဝါးဟုပင် ဆိုနိုင်ပါသည်။ လုံခြုံရေးမှတ်တမ်းတွေနဲ့တောင် သူမကို အနိုင်မယူနိုင်ပါ။

သို့သော်လည်း ဘယ်သူမှ ဘာမှ ဝင်မပြောရဲကြပေ။ ပထမဆုံး အကြောင်းအရင်းကတော့ အကုန်လုံး ချွေ့ယီကျန်းကို ကြောက်ကြသောကြောင့် ဖြစ်ပါသည်။

ဒုတိယအကြောင်းအရင်းက ချွေ့ယီကျန်းက လူကောင်းမဟုတ်သော်လည်း ကျမ့်ယိလင်လည်း ကောင်းတဲ့လူမဟုတ်ပါ။

သူတို့ ခိုက်ရန်ဖြစ်ပွားသည့်အခါ ခွေးနှစ်ကောင်ကိုက်နေသလိုပင်။ သူတို့တွေ ဒီတိုင်း ဘေးကသာကြည့်နေပြီး ရူးရူးမိုက်မိုက် ဝင်ပါကာ ကိုယ့်ကိုယ်ကို ဒုက္ခမပေးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ကျမ့်ယိလက် ဆက်လက် တိတ်ဆိတ်နေဆဲဖြစ်တာကို မြင်သောအခါ ချွေ့ယီကျန်း ကျေနပ်သွားပြီး သူမကို စော်ကားရသည့် ပီတိကို ရရှိသွား၏။

ချွေ့ယီကျန်း ကျမ့်ယိလင်ကို ဆက်ပြီး လှောင်ပြောင်ပြန်သည်။ "ဟုတ်သားပဲ။ နင့်ကို သတိပေးရဦးမယ်။ ဒီနေ့လည်း လုံခြုံရေး မှတ်တမ်းရှိတယ်နော်။ ငါနင့်ကို ဘယ်လို လှောင်ပြောင်ကြောင်း သင်ကြားရေး ခေါင်းဆောင်ကို သွားငိုတိုင်လိုက်ဦးလေ! ငါက နင့်ကို ၁၀ စင်တီမီတာလောက် အကွာက ဘယ်လို လှောင်ပြောင်တဲ့အကြောင်း! သူ့ကို လုံခြုံရေးမှတ်တမ်း သွားစစ်ခိုင်းပြီး သက်သေရှာခိုင်းဦးလေ! ဟုတ်တာပေါ့။ ငါတို့ ကျောင်းက လုံခြုံရေးကင်မရာမှာ အသံပါမှတော့ ဖြစ်မှာပေါ့!"

သူမ စကားပြောပြီးသွားသောအခါ ချွေ့ယီကျန်းနဲ့ သူမ နောက်လိုက် ၂ ယောက် စတင် ရယ်မောပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now