အခန်း(၄၉) ယိလင်ကို မမြင်ရမချင်း စိတ်မအေးနိုင်ဘူး

1.4K 147 0
                                    

အခန်း(၄၉) ယိလင်ကို မမြင်ရမချင်း စိတ်မအေးနိုင်ဘူး

"မဟုတ်ပါဘူး။ ဒါတွေက ယိလင်အတွက်ပါ" ကျမ့်ယုကျဲက ဟောဟဲဆိုက်စွာ အဘွားကျမ့်ကို ပြန်ဖြေလိုက်ပါသည်။ ထို့နောက် ပါဆယ်ထုတ်များကို ဒရိုင်ဘာ၊ အိမ်စေတို့နဲ့အတူတူ ဆက်ရွှေ့နေလေသည်။

"ယိလင်အတွက်ဟုတ်လား။ နင်ဘာတွေ ဝယ်လာတာတုန်း" အဘွားကျမ့်က မေးလိုက်၏။ ယုကျဲဘာလို့ ဒီလောက်ပစ္စည်းတွေ အများကြီး ဝယ်လာတာလဲ သူမ စဉ်းစားနေသည်။

"အမွေးပွ အရုပ်လေးတွေပါတယ်။ ယိလင်လည်း သူ့အိမ်မှာ ရှိလောက််မယ်ဆိုပေမယ့် ဒီကို ပြောင်းလာတော့ ယူမလာခဲ့ဘူးထင်တယ်။ သူ့အခန်းထဲ ထည့်ထားလို့ရအောင် ကျွန်တော် နည်းနည်း ဝယ်ပေးထားတာ။ လွတ်အိတ်တွေနဲ့ စာရေးကိရိယာတွေလည်း ပါသေးတယ်"

မနေ့က ကျောင်းဆင်းတော့ ကျမ့်ယုကျဲ ရှော့ပင်းမောကို သွားခဲ့ပါသည်။ ဒါတွေ ဝယ်ယူဖို့အတွက် ငွေတွေ အများကြီးသုံးခဲ့ပြီး ပိုက်ဆံအိတ်တောင် ဟောင်းလောင်း ဖြစ်သွားသည်။

နှစ်စဉ်နှစ်တိုင်း ကျမ့်မိသားစု၏ သားသမီးများက အဘိိုးအဘွားများထံမှ မုန့်ဖိုးအဖြစ် ငွေတွေ အများကြီး ရတတ်ကြသည်။ သို့သော်လည်း ကျမ့်ယုကျဲရဲ့ စုငွေကတော့ အကန့်အသတ်ရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် သူအမေက သူ့ကို မျက်လှည့်ဆရာ လုပ်ခွင့်မပေးသောကြောင့် မျက်လှည့်နဲ့ ပတ်သတ်သည့် ပစ္စည်းများကို ခိုးဝယ်လို့သာ ရခဲ့သည်။

ထိုပစ္စည်းတွေဝယ်ဖို့ ငွေတွေသုံးနေတာကို သူ့အမေ သိသွားသောအခါ သူ့ကိုဘာမုန့်ဖိုမှ မပေးဖိို့ ဆုံးဖြတ်လိုက်သည်။ သူလိုအပ်တာ မှန်သမျှကို သူမ ကိုယ်တိုင် ဝယ်ပေးမည်။

"အဲ့တာဆို နင်က ယိလင်အတွက်ပဲ ဒါတွေ ဝယ်လာတာပေါ့။ ဘွားဘွားအတွက်ကကော" အဘွားကျမ့်က စလိုက်ပါသည်။

"ဘွားဘွား..." ကျမ့်ယုကျဲက ရှက်ရွံ့နေသော လေသံဖြင့် ပြန်ဖြေလိုက်ပါသည်။

"ဘာမှ မဖြစ်ပါဘူး။ အဘွားကျမ့်က စတာပါ။ သား ယိလင်လေးနဲ့ အချိန်တူတူ ပိုဖြုန်းပေးနိုင်တာ ကောင်းတာပေါ့။ သူခုတလော ကောင်းကောင်း အိပ်မပျော်ဘူး"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now