အခန်း(၈) ကျမ့်မိသားစုအိမ်ဟောင်း

1.7K 211 1
                                    

အခန်း(၈) ကျမ့်မိသားစုအိမ်ဟောင်း

ညဘက်အချိန် ကျမ့်ရှုရှင်း ကုမ္ပဏီမှ ပြန်လာပြီးနောက် ကျမ့်ယိလင်ကို အဘိုးကျမ့်တို့အိမ်သို့ ခေါ်သွားခဲ့သည်။

ကျမ့်ယိလင်၏ အဘိုးအဘွားများလည်း လွန်ခဲ့သည့် ၂ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားမိသဖြင့် ကျမ့်ယိလင်လေးကို ခေါ်လာခိုင်းခဲ့သည်။

ကျမ့်ယွင်နော်၏ အခြေအနေက သူ့ရဲ့ အနာဂတ်ကိုပါ ထိခိုက်နိုင်ချေရှိနေတာကြောင့် အတော်လေး ပြင်းထန်ဆိုးရွားပါသည်။ ထို့ကြောင့် ကျမ့်ရှုရှင်းလည်း သူ့မိဘတွေကို ဖုံးကွယ် မထားတော့ပါ။

ကျမ့်မိသားစု၏ အဘိုးအဘွားတို့က ကျမ့်မိသားစု အိမ်ဟောင်းမှာပဲ နှစ်ယောက်တည်း နေထိုင်ကြသည်။ သူတို့ သားသမီးတွေ အကုန်လုံး ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်ကြပါပြီ။

သို့သော်လည်း တစ်ခုခုဖြစ်လာတိုင်း အားလုံးက ကျမ့်မိသားစု အိမ်ဟောင်းကို ပြန်လာကြဆဲပင်။

တရုတ်နှစ်သစ်ကူးသို့မဟုတ် တခြားပွဲတော်အခါသမယတွေမှာလည်း အဘိုးအဘွားများကို အားလုံးအဖော်သွားပြုပေးလေ့ ရှိပါသည်။

ကျမ့်မိသားစုအိမ်ဟောင်းကို ရောက်ဖို့အတွက် နာရီဝက်လောက် ကားမောင်းရသည်။

ခြံတံခါးဝကို ရောက်လာတော့ အနက်ရောင် သံဂိတ်တံခါးကြီးက အလိုလျောက်ပွင့်သွားပြီး ကားက ခြံဝန်းထဲကို မောင်းဝင်လာခဲ့ပါသည်။

ကျမ့်မိသားစုအိမ်ဟောင်းမှာ အလယ်ခေတ် စတိုင် ဥရောပ အဆောက်အအုံတစ်ခုမျိုး ဖြစ်သည်။

ကျမ့်မိသားစု အိမ်ဟောင်းတွင် အဘိုးအဘွားများ စောင့်မျှော်နေခဲ့တာ ကြာပါပြီ။

အဘိုးကျမ့်က ပင်စင်ယူထားပြီး ဖြစ်သော်လည်း ကြောက်ဖို့ကောင်းနေဆဲပင်။

ဆံပင်ဖြူဖြူ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မျိုး ရှိသော်လည်း သူ့အရိုးများက ခိုင်ခံ့ဆဲ ဖြစ်၏။ သူငယ်စဉ်တုန်းက ကိုယ့်ကိုယ်ကို ဂရုမစိုက်ခဲ့သဖြင့် ရာသီဥတု ဆိုးရွားတိုင်း အရိုးတွေ နာလာတတ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now