အခန်း(၅၅) တနင်္ဂနွေနေ့မှာ ကျူရှင်သင်ခြင်း

1.3K 150 0
                                    

အခန်း(၅၅) တနင်္ဂနွေနေ့မှာ ကျူရှင်သင်ခြင်း

ပါတီပွဲ ပြီးဆုံးသွားသောအခါ ကျမ့်ယိလင်ကို ကျမ့်ယုကျဲ အိမ်ပြန်လိုက်ပို့ပေးလိုက်ပါသည်။

ကျမ့်ယိလင်လေး အိမ်ထဲဝင်သွားပြီး အဘွားကျမ့်ကို မြင်တော့မှ သူစိတ်ချနိုင်သည်။

ကျမ့်ယုကျဲက ပြုံးလိုက်ပြီး ကျမ့်ယိလင်ကို တာ့တာပြလိုက်သည်။ "ယိလင် ငါသွားတော့မယ်နော်။ ငါ့ကို ပြောစရာတစ်ခုခုရှိရင် WeChat ကနေ ဆက်သွယ်လိုက်နော်!"

ကျမ့်ယုကျဲ ထွက်သွားပြီးနောက် ကျမ့်ယိလင် အခန်းထဲ ပြန်ဝင်လာခဲ့သည်။ သူမ အခန်းအပြင်ဘက် ကော်ရစ်ဒါမှာ ပစ္စည်းတွေ ပုံနေတာကို မြင်လိုက်ရပါသည်။

ကြောင်စီစီဖြင့် သူမနောက်ကို လိုက်လာသည့် အိမ်စေကို လှည့်ကြည့်လိုက်သည်။

အိမ်စေက ရှင်းပြ၏။ "ဘယ်ဘက်က ပန်းရောင် အမွေးပွပွ အရုပ်လေးတွေက သခင်လေး ယုကျဲ ပို့ပေးထားတဲ့ လက်ဆောင်တွေပါ။ ညာဘက်မှာ သပ်သပ်ရပ်ရပ် စီထားတဲ့ ပစ္စည်းတွေကတော့ သခင်မလေးရဲ့ အစ်ကိုအကြီးဆုံး ပို့ပေးလိုက်တာပါ။ သခင်မလေး ဘာလုပ်မယ်မှန်း မသိသေးတော့ ကျွန်မတို့ ကော်ရစ်ဒါမှာ ဒီတိုင်း ခဏချထားတာပါ။ သခင်မလေး ကြိုက်တာရွေးပြီးမှ ကျွန်မတို့ သခင်မလေးရဲ့ အိပ်ခန်း ဒါမှမဟုတ် အဝတ်အစားခန်းထဲ ထည့်ပေးပါ့မယ်"

အဘိုးကျမ့်တို့အိမ်ကို ကျမ့်ယိလင်လေး ရောက်လာတုန်းက အဝတ်အစားခန်းမှာ ဗလာနတ္ထိ ဖြစ်နေခဲ့သည်။ သို့သော်လည်း ဒီရက်ပိုင်းထဲ အဘွားကျမ့်ရဲ့ 'ကြိုးစားအားထုတ်မှု'ကြောင့် အဝတ်အစားခန်း တစ်ဝက်လောက် ပြည့်သွားပါပြီ။

အခုတော့ ပစ္စည်းတွေ အများကြီး ထပ်ရောက်လာပြီ ဖြစ်သဖြင့် အဝတ်အစားခန်း တစ်ခန်းလုံး မကြာခင် ပြည့်သွားပါတော့မည်။

ကျမ့်ယွင်ချန်းလည်း သိပ်မကြာသေးခင်က ဒီကို ရောက်လာခဲ့သေးသည်။ သူနဲ့အတူ ပစ္စည်းတွေပါ အများကြီး ယူလာ၏။

ဘယ်တစ်ခုက ကျမ့်ယုကျဲပေးတာဖြစ်ပြီး ဘယ်တစ်ခုက ကျမ့်ယွင်ချန်းပေးတာ ဖြစ်မှန်း သူမ ခွဲခြားနိုင်သည်။ ကျမ့်ယုကျဲရဲ့ လက်ဆောင်တွေက အမွေးပွပွ ချစ်စရာ ကောင်းသည်။ အမွေးပွအရုပ်များနဲ့ တခြား နူးနူးညံ့ညံ့ အရုပ်လေးများ ပါဝင်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now