အခန်း(၅၂) ပါတီပွဲ(၃)

1.3K 158 5
                                    

အခန်း(၅၂) ပါတီပွဲ(၃)

"ခြေထောက်ပေါ် နင်းမိတာ စိတ်မဆိုးပါနဲ့ ယိလင်ရာ။ ငါပြန်တောင်းပန်မယ်လေ"

ကျမ့်ယိလင်ကို ကြည့်ပြီး ကျီမင် ပြောလိုက်၏။ သူ့မျက်နှာပေါ်မှာ မုဆိုးတစ်ယောက်လို အပြုံးမျိုးရှိနေ၏။

ကျမ့်ယိလင် ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် သူမ ခြေထောက်ကို မြှောက်လိုက်ပြီး ကျီမင်ရဲ့ ခြေချောင်းတွေပေါ်ကို ဆောင့်နင်းလိုက်ပါသည်။

သူမလုပ်ရပ်က ပြတ်သားကြမ်းကြုတ်ကာ ရက်စက်လှပါသညိ။

"အား!!!" ကျီမင် အော်လိုက်လေသည်။

ကျီမင်ရဲ့ အော်သံကြီးကြောင့် လူတွေအများကြီး အာရုံစိုက်မိသွားကြ၏။

ချွေ့ယီကျန်းလည်း ဒါကို အခွင့်ကောင်းယူပြီး မိုရှစ်ယွင်ကို ဆွဲခေါ်လာကာ ဖြစ်ပျက်နေတာတွေကို ဝင်ကြည့်ခဲ့ပါသည်။

အဖြစ်အပျက်နဲ့ အရမ်းကြီးမနီးသည့် နေရာတစ်ခုကို ရွေးခဲ့သည်။

ကျီမင်ရဲ့ မျက်နှာ ရှုံ့မဲ့နေတာကို အားလုံး မြင်ကြသည်။ သို့သော်လည်း ဒေါသကြောင့်လား နာကျင်မှုကြောင့်လားဆိုတာ ဘယ်သူမှ မသိကြပါ။

ဆန့်ကျင်ဘက်အနေဖြင့် ကျမ့်ယိလင်၏ မျက်နှာကတော့ တည်ငြိမ် အေးဆေးနေသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ကို စိုက်ကြည့်နေ၏။

ဖြစ်ပျက်သွားတာကို ကျီမင် နားလည်လိုက်ပြီးနောက် ကျမ့်ယိလင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ကျမ့်ယိလင်က ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်သည်။ သူမဘေးရှိ စားပွဲရှည်ပေါ်က အဖုံးမဖွင့်ရသေးသော ရှန်ပိန်တစ်ပုလင်းကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သူမ လက်ထဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။

ထိုအချိန်တွင် ကျမ့်ယုကျဲ ပြေးဝင်လာ၏။

ကျမ့်ယိလင်ရှေ့မှာ ရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို ခြားလိုက်ပါသည်။

"ကျီမင် မင်းဘာလုပ်တာလဲကွ!" ကျမ့်ယုကျဲ ကျီမင်ကို ကြည့်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Kde žijí příběhy. Začni objevovat