အခန်း(၇၇) ယိလင်လေးကို ကာကွယ်ကြ (၄)

1.1K 118 1
                                    

အခန်း(၇၇) ယိလင်လေးကို ကာကွယ်ကြ (၄)

တိုက်ခန်းတံခါးပွင့်လာတော့ ပထမဆုံးဝင်လာသူက ကျီမင်ရဲ့အဖေ ကျီကျွန်းဖန် ဖြစ်သည်။

"အဖေ?" ကျီမင် ခေါ်လိုက်လေသည်။ သူ ပထမဆုံး တွေးမိတာက သူအတန်းလစ်တာကို အဖေသိသွားပြီ ဆိုတာပင်။ ထို့ကြောင့် သူ့အဖေက လက်ပူးလက်ကြပ်ဖမ်းဖို့ ရောက်လာတာ ဖြစ်မည်။

ကျီကျွန်းဖန်၏ မျက်လုံးများက အမျက်ဒေါသများဖြင့် ပြည့်နှက်နေပြီး ကျီမင်ကို စိုက်ကြည့်နေသည်။

"အဖေ... ဒီနေ့... ကျွန်...ကျွန်တော်ဗိုက်ထဲက အောင့်အောင့်နေလို့... ကျောင်းစောစော..." ကျီမင် စကားတွေ ထစ်ကုန်သည်။ အခြေအနေကို သူ့အဖေကို ရှင်းပြဖို့ ကြိုးစားပါသည်။

သို့သော်လည်း ကျီကျွန်းဖန် ဂရုစိုက်တာ ဒါမဟုတ်ပါ။

ကျီမင် အသည်းအသန် ဆင်ခြေပေးဖို့ ကြိုးစားနေစဉ် ဘော်ဒီဂတ်တချို့ ဝင်လာခဲ့၏။ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကြောက်စရာ အရှိန်အဝါတွေ ရှိနေကြပါသည်။

ထိ့နောက် ယွီရှိနဲ့ လူငယ်နောက်တစ်ယောက် ဝင်လာတာကို ကျီမင် မြင်လိုက်ရသည်။

ပထမတော့ ထိုလူငယ်ဘယ်သူမှန်း ကျီမင် မသိပါ။

သို့သော်လည်း ထိုလူငယ်ကို သူ့အဖေက ခေါင်းငုံ့ ဦးညွှတ်လိုက်တာကို မြင်သောအခါ ရုတ်တရက် နားလည်သွားရသည်။

ထိုလူငယ်က တခြားမဟုတ်ဘဲ ပေကျင်းမြို့က ဆရာရှန်း သာ!။

တခြား ဘယ်သူ့ကို ယွီရှိက လိုက်ပို့မှာလဲ။

ဆရာရှန်းကလွဲပြီး သူ့အဖေ ကျိုးနွံရလောက်မည့် လူငယ်မျိုးဆိုတာ မရှိပါ။

ဒီ့မတိုင်ခင်က ဆရာရှန်းကို ကျီမင် အမြဲတမ်း ဆုံချင်ခဲ့သည်။ သို့သော်လည်း အခွင့်အရေး တစ်ခါမှ မရခဲ့ပါ။

ဒီလိုနေ့မှာ ဆုံရလိမ့်မည်ဟု သူမထင်ခဲ့ပေ။ သို့သော် လောလောဆယ် အခြေအနေက သူ့အတွက် ကြည့်မကောင်းလှပါ။

"အမ်... အစ်ကိုကြီးရှိ... ဘာဖြစ်လို့လဲဟင်" ကျီမင် မေးလိုက်သည်။ အခြေအနေကို မသိရဘဲ ကျိုက်ယွင်ရှန်းကို စကားသွားပြောလို့ မရသဖြင့် ယွီရှိကို မေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang