001

2.6K 160 5
                                    


  001

    " သခင်လေး , လျန်ဖုန်းကေား ရောက်ပါပြီ , အခု ဧည့်သည်တွေ့ဆုံခန်းမှာပါ "

  " အင်း "
စူးယီမော့ မျက်နှာအေးစက်စွာနဲ့ မျက်လုံးမှာတော့ အထူးလေးနက်နေတယ် ။ အိမ်တော်ထိန်းပြောတဲ့ စကားကို ကြားတာနဲ့ သူ့လက်ထဲက သတင်းစာကို မချလိုက်ပဲ အလိုက်သင့်သာ တခွန်းပြန်ဖြေလိုက်ပြီး ကိုယ့်သိပြီးဖြစ်ကြောင်းပြတယ်၊ အကြည့်ကတော့ သတင်းစာထိပ်စီးသတင်းကနေ နံရံပေါ်က TV ဖန်သားပြင်ပေါ် ရောက်သွားပြီး ...မျက်နှာပေါ်မှာက မျက်မှောင်ကြုတ်သွားကာ စိုးရိမ်ခြင်းတွေ မြင်လိုက်ရတယ် ။

  အခုတလော သတင်းစာပဲဖြစ်ဖြစ် ၊ magazine ပဲဖြစ်ဖြစ် ၊ entertainment တွေ့ဆုံမေးမြန်းခန်းတွေပဲဖြစ်ဖြစ် ခေါင်းစဉ်တခုတည်းကိုသာ ပြောဖြစ်နေကြတယ် ။

  နာမည်ကြီးသရုပ်ဆောင် ကျင်ချိုးဟန်သည် Parisမြို့မှာ သရုပ်ဆောင်ကာ ရိုက်ကူးနေတုန်း မထင်မှတ်ပဲ သေနတ်နှစ်ချက် အပစ်ခံလိုက်ရတယ် ပစ်ချက်များသည် ခန္ဓာကိုယ်ရဲ့ အဓိကနေရာကို ထိတာဖြစ်တယ် ။ ထိုကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စီးပွားရေးအပြိုင်အဆိုင်ကြောင့် ရန်ငြိုးထားပစ်သတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောကြားနေကြတယ် ။ လက်ရှိ ကျင်ချိုးဟန်သည် တရုတ်ပြည်ကို ပြန်ပြီး သေချာကုသမူကို ခံယူနေပြီး အခြေအနေမှာ အကောင်းဘက်သိပ်မရှိသေးဟု ကောက်ချက်ချရတယ် ။
  

    နာရီဝက်ကြာပြီးနောက် ဧည့်သည်တွေ့ဆုံခန်းတွင်

" မင်းက လျန်ဖုန်းကေား လား ? "
ကိုယ့်ကို ကျောပေးထားတဲ့ အမျိုးသားကို စူးယီမော့က ဝေခွဲမရစွာ ကြည့်နေရင်း ရင်ထဲမှာ ဖော်ပြမရတဲ့ ခံစားချက် ဖြစ်ပေါ်လာခဲ့တယ် ။

  ဒီ ကျောပြင်....အရမ်း...ရင်းနှီးသလိုပဲ....

 လျန်ဖုန်းကေား ဖြည်းဖြည်းချင်းစီ လှည့်လာခဲ့တယ်။

   " ! "

စူးယီမော့နဲ့ အိမ်တော်ထိန်းတို့ ကြောင်သွားကြတယ် ပြီးနောက် အိမ်တော်ထိန်းက အလိုလိုပင် ခေါင်းဘေးငဲ့ကာ စူးယီမော့ကို ကြည့်လိုက်တယ် ၊ စူးယီမော့ မျက်နှာပေါ်မှာလည်း သူ့ကဲ့သို့ အံ့အားသင့်မူကို မြင်လိုက်ရတယ် ။

လူစားထိုးWhere stories live. Discover now