057

392 74 0
                                    


  010

      လန်ခွန်းစဉ်းစားမိတယ် ၊ အဲ့ဒီတညက ၊ တကယ်ကို တသက်လုံး မေ့မရလောက်တော့ဘူး ။

  သူက အစကတည်းက စိတ်လွှတ်လက်လွှတ်လုပ်ချင်တာလုပ်ကာ ဂရုမစိုက်ပဲရဲရဲတင်းတင်းနဲ့သူလေ ဒါပေမဲ့ သူ့ထက်ကို ပိုပြီး စိတ်လွှတ်လက်လွှတ်လုပ်ချင်တာလုပ်ကာ ဂရုမစိုက်ပဲရဲရဲတင်းတင်းနဲ့သူ ကို ကြုံခဲ့ရတယ်လေ ။

  ဒါ့ကြောင့် သူကအဲ့လောက်ထိ ရူးသွပ်စွာနဲ့ ထိုလူကို သိမ်းပိုက်အနိုင်ယူချင်တာဖြစ်တယ် ! ရယူချင်တာဖြစ်တယ် ! 

  ထိုအချိန်က လန်ခွန်းနဲ့ အလုပ်ပူးပေါင်းလုပ်မဲ့ လုပ်ငန်းရှင်တချို့နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးပြီးနောက် ၊ လသာဆောင်ဘက်သွားပြီး ပြတင်းပေါက်ဖွင့်ကာ လေညှင်းခံနေခဲ့တယ် ။ ဒီတကျော့ ဆွေးနွေးချိန်တွင်းမှာ အရက်တွေမနည်းဘူး သောက်လိုက်တာမို့ သူက နားထင်ကို ပွတ်ရင်း အောက်က အကခန်းမထဲမှာ ကနေတဲ့ အမျိုးသမီးအမျိုးသားတွေကြည့်ပြီး အထင်တသေးရယ်လိုက်တယ် ။

  ဒီလူတွေက ချစ်ရေးဆိုဖို့ ဂရုတစိုက်ပြုလုပ်နေကြပြီး အကကတာ ဟိုမကျဒီမကျနဲ့ ၊ ကြည့်ရခက်လိုက်တာ။

  အလုပ်က ကောင်းမွန်စွာ ဆွေးနွေးပြီးသွားပြီ ၊ သူလည်း ဒီမှာ ဆက်နေဖို့ မလိုတော့ဘူးလေ ။

  သူ့ ပြန်ဖို့ လှည့်ထွက်တော့မဲ့အချိန်မှာပဲ ၊ အက ခန်းမထဲမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး သီချင်းကလည်း အားရပါးရတီးခတ်တဲ့ သံစဉ်ဖြစ်သွားပြီ ။ လန်ခွန်းက ဒါတွေကို စိတ်မဝင်စားတာမို့  ဘာသီချင်းမှန်းလည်း မသိဘူး ။ ဒါပေမဲ့ သေချာတာက ဒီသီချင်းကို နားထောင်ပြီး သွေးတွေ ဆူပွက်လာတယ် ။
  ( မူရင်းစာရေးသူ ရေးစာ ၊ ဒီတပိုဒ်ကို ရေးတုန်းက ငါနားထောင်နေတာက မိုက်ကယ်ဂျက်ဆင်ရဲ့ beat-it သီချင်း၊ အကကလည်း ကိုယ့်ကို စဉ်းစားလိုက်တာ ၊ စာဖတ်သူတို့လည်း ကိုယ့်ကို ပုံဖော်ကြည့်ပါလို့ )

  ဩဘာပေးသံများက အရှိန်မြင့်လာတယ် ၊ ဆက်ပြီး နာရီသံလို စည်းချက်ကျကျ သံစဉ်ပုံ ပြောင်းသွားတယ် ။

လူစားထိုးWaar verhalen tot leven komen. Ontdek het nu