123

374 79 12
                                    

  076
    
        ဟိုတယ်မှာ ရက်တချို့နေပြီးမှ စူးယီမော့ရဲ့ ဒဏ်ရာအတော်သက်သာလာတယ် ။ လျန်ဖုန်းကေားလည်း စိတ်ချသွားတယ် ။
  နောက်ထပ်နှစ်ရက်ကြာချိန် , လျန်ဖုံးကေား ပျင်းရိပျင်းတွဲဖြင့် ကုတင်ပေါ်လဲနေပြီး သက်ပြင်းချ‌မိတယ်
   " ဟိုတယ်မှာပဲ ရေရှည်နေလို့မဖြစ်ဘူးမလား ? မင်း ဒီမှာ နေစရာနေရာ မရှိဘူးလား ? "

  စူးယီမော့ခေါင်းခါပြတယ်
" မရှိဘူး ။ ပိုက်ဆံမရှိတာလည်း မဟုတ်ဘူး ၊ ဟိုတယ်မှာနေလည်း ဘာဖြစ်လဲ ? "

  ဘာပဲဖြစ်ဖြစ်အဆင်သင့်လေ ၊ ပြီးတော့ အသစ်တွေ ဘာပဲစားချင်ချင် အဆင်ပြေတယ်လေ ။

  Gမြို့မှာ  သူ အရင်က နေခဲ့တဲ့အိမ်က ရောင်းလိုက်ပြီလေ ၊ ပြီးတော့ လူလိမ်လေးကြောင့်မို့လို့ စူးယီမော့က အတိတ်ကို ပြည်ဖုံးကားချချင်တာကြောင့် ဝယ်နိုင်တဲ့အင်အားရှိပေမဲ့လည်း ပြန်မဝယ်ခဲ့ဘူး တခါတလေမှသာ လူလိမ်လေးရဲ့အဝတ်နဲ့မြုပ်ထားတဲ့ အုတ်ဂူကို လာကြည့်လေရှိတယ် ။

  အုတ်ဂူဆိုတာကလည်း ဘယ်နားမှာမြုပ်ထားမှန်း သူတယောက်တည်းသာ  သိတာပါလေ ။

  အင်း ၊ နေစရာနေရာ ၊ အမှန်တော့ရှိတာပေါ့ ၊ ဒါပေမဲ့ သူ လူလိမ်လေးရဲ့ သံယောဇဉ်ကို ရှင်းလင်းအောင်လုပ်မပြီးသေးခင် လျန်ဖုံးကေားကို ထိုနေရာမခေါ်သွားချင်ဘူး ။

  " ဘာမှမဖြစ်ပါဘူး ....အလဟာသဖြစ်သလိုခံစားရလို့ပါ ...."
     လျန်ဖုံးကေားက စဉ်းစားရင်း ထထိုင်လိုက်ပြီး
    " မင်း ဘယ်အချိန် Aမြို့ကို ပြန်မှာလဲ ? "

  " အင်း ...ရက်အနည်းငယ်မှပေါ့ ! "
စူးယီမော့ သူ့ကိုကြည့်ပြီး
   " မင်း ကိစ္စရှိလို့လား ? "

  
" ကိုယ်ရေးကိုယ်တာကိစ္စ လုပ်ဖို့ရှိတယ်..."
လျန်ဖုန်းကေား ဆက်ပြောတယ်
"အခု မင်းရဲ့ဒဏ်ရာတွေက အတော်သက်သာနေပြီ၊ မင်းဟိုတယ်မှာလိမ်လိမ်မာမာနေပြီး လျှောက်မပြေးနေသရွေ့တော့ အန္တရာယ်မဖြစ်နိုင်ဘူး ။ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စ သွားလုပ်မှာမို့ ရက်အနည်းငယ်မှ မင်းကို ဒီမှာလာကြိုပြီး Aမြို့ ကို အတူတူပြန်ကြမယ် ဘယ်လိုလဲ ? "

လူစားထိုးDonde viven las historias. Descúbrelo ahora