011

488 85 1
                                    


  011
  လျန်ဖုန်း‌ကေား ခေါင်းဘေးကို လှည့်ကြည့်လိုက်တော့ ကားကို အာရုံစူးစိုက်မောင်းနေတဲ့ စူးယီမော့ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး စိတ်ထဲမှာ တုန်လူပ်မှုက အတော်နဲ့ မပြေနေဘူး ။ သူက ဒီလိုနဲ့ပဲ အပြင်ကို သူတို့ရဲ့ ချစ်သူပတ်သက်မှုကို ကြေညာလိုက်ပြီ ? တကယ့်ကို လုပ်ရဲခံရဲတဲ့သူပဲ ။ ပြီးတော့ ချစ်ရတဲ့သူ ဒဏ်ရာရပြီးတဲ့နောက် ပထမဆုံးအချိန်မှာပဲ လူစားထိုးကိုရှာပြီး ပြိုင်ဘက်ကို လှည့်ကွင်းပြန်ထောင်ခဲ့ပြီး ချစ်ရတဲ့သူကို ကောင်းမွန်စွာကာကွယ်ခဲ့တယ် ချစ်ရတဲ့သူနဲ့အတူ လိင်တူချစ်သူဆိုတဲ့ ဖိအားကို အတူခံယူ.....
  ဒီလို ယောက်ျားကမှ တကယ့်ယောက်ျားအစစ် ။
  
      လျန်ဖုန်းကေား တခဏအတွင်း ခံစားချက်တွေ အများကြီးရလိုက်တယ် စူးယီမော့ ချစ်နေတဲ့ ကျင်ချိုးဟန်က အတော််စိတ်ချမ်းသာရမှာပေါ့ ?

 " သူ.....အဆင်ပြေပြီလား ? "
မရည်ရွယ်ပါပဲနဲ့ ဒီလိုမမေးသင့်တဲ့ မေးခွန်းကို မေးထုတ်လိုက်မိတယ်။

  ကားစတီယာရင်ကို ကိုင်ထားတဲ့စူးယီမော့ရဲ့လက် မသိသာစွာ တင်းကြပ်သွားတယ် အကြည့်ကတော့ အရှေ့တည့်တည့်ရဲ့ လမ်းကို စိုက်ကြည့်ထားတယ် ။

  လျန်ဖုန်းကေားက သူမဖြေလောက်တော့ဘူးလို့ ထင်နေတဲ့အချိန် သူက အသာလေးပါးစပ်ဟလာတယ်
" ရင်ဘတ်က သေနတ်ဒဏ်ရာ တချက်ကပိုပြင်းတယ် သူ့ရဲ့ အဆုတ်နှလုံးလုပ်ဆောင်မှုကို ထိခိုက်နိုင်တယ် ....သူကောင်းကောင်းအနားယူဖို့လိုတယ် ။ ဒါ့ကြောင့် ငါ မင်းနဲ့ တစ်နှစ်စာချုပ်ချုပ်တာပေါ့ ၊ တနှစ်ဆိုတဲ့ အချိန်က ၊ သူ့ နေကောင်းအောင် အနားယူခွင့်ရလောက်ပါပြီ "

  " အော် "

လျန်ဖုန်းကေား ထိုင်ခုံကို မှီလိုက်ပြီး စကားထပ်မပြောတော့ဘူး ပြတင်းပေါက်အပြင်ဘက်ကရူခင်းကိုသာ ခေါင်းလှည့်ကြည့်ပြီး တွေဝေနေတော့တယ် ။

  စူးယီမော့ လည်း ဘာမှထပ်မပြောတော့ပဲ villa ဧရိယာ ရောက်တဲ့အထိ တလမ်းလုံးတိတ်ဆိတ်စွာ ကားမောင်းလာခဲ့ပြီး ရိုးရှင်းသော်လည်း တန်ဖိုးမနည်းသည့် အဖြူရောင်villa ရှေ့တွင်ရပ်လိုက်တယ် ။

လူစားထိုးWhere stories live. Discover now