109 , bro love !

372 56 0
                                    



  062

      စူးယီမော့ရဲ့ ဆွဲခေါ်သွားခြင်းခံရတဲ့ လျန်ဖုံးကေား အတော်ဝေးဝေးကို ရောက်သွားမှ အန်းမုကို နှုတ်ဆက်ဖို့ သတိရတယ် ဒါပေမဲ့ ‌အတော်လှမ်းနေပြီမို့ ခေါင်းလှည့်ပြီးသာ အန်းမုကို ပြုံးပြရင်း ဘာမှမဖြစ်ကြောင်း လက်ပြလိုက်တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကျေးဇူးတင်တယ်လေ ။

  အန်းမုကတော့ လျန်ဖုံးကေား လက်ပြတာကို မမြင်သလိုပဲ မျက်နှာထားကို တင်းပြီး ဘာမှမဟုတ်သလို လုပ်ပြနေတဲ့ အန်းချန်ကို ကြည့်နေတယ် ။

  လျန်ဖုံးကေားနဲ့ စူးယီမော့တို့ မြင်ကွင်းထဲက ပျောက်ဆုံးသွားမှ အန်းမု တချက်ဟွန့်လိုက်ပြီး လှည့်ထွက်သွားတော့တယ် !

  သူ စိတ်ဆိုးမှန်း အန်းချန်သိတာပေါ့ သူ့ကို သွားဆွဲရင်း
  " ကိုကြီး ၊ ကျွန်တော် ပြောတာနားထောင်..."

  အန်းမုက သူ့လက်ကိုရှောင်ကာ ပုတ်ချလိုက်ပြီး
  " ငါ့ကို မထိနဲ့ ! "

   " ကိုကြီး..."

  " ငါက အစ်ကိုကြီးမှန်း မင်းသိသေးတယ်ပေါ့ ? မင်းလို ကိုယ့်အကျိုးပဲ ကိုယ်သိတဲ့လူက ငါ့ ညီလေး မဖြစ်သင့်ဘူး ! "
  အန်းမု အတင်းဖိချထားတဲ့ ဒေါသတွေကို အကုန် ဖောက်ကွဲထွက်လာခဲ့ပြီး အန်းချန်ကကိုယ့်ကို ထပ်လာဆွဲတာတွေ့တော့ လက်က အလိုလို ဆွဲထိုးမိတော့တယ် !

  အန်းချန် ထိထိမိမိကို အထိုးခံလိုက်ရတယ် ၊ အနောက်ကို တချက်ယိုင်သွားပြီး မယုံနိုင်စွာ ခေါင်းမော့ကြည့်မိတယ် အကြည့်ထဲမှာ ဒဏ်ရာတွေနဲ့ ။

  အန်းမုက သူ့ကို ထိုးတယ် !

     အန်းမုရဲ့ ခဏကထိုးချက်က အလိုအလျောက် တုံ့ပြန်မှုလေ အန်းချန်ကို တကယ်ထိ‌သွားတော့ ကြောင်သွားတယ် ၊ ဒါပေမဲ့ သူအခုက စိတ်တိုနေတာမို့ အန်းချန်ရဲ့ သိမ်ငယ်နေတဲ့ရုပ်ကို မကြည့်ချင်တာကြောင့် ကားဘက်ကို ခြေလှမ်းကျယ်ဖြင့် သွားလိုက်လေတယ် !
  
  အန်းချန်က ပူစပ်စပ်ဖြစ်နေတဲ့ နှုတ်ခမ်းထောင့်ကို အသာပွတ်ရင်း နက်ရှိုင်းတဲ့အကြည့်နဲ့ အန်းမုကို ကြည့်နေရင်း အနောက်ကနေ လိုက်သွားတယ် ။

လူစားထိုးWhere stories live. Discover now