010

528 94 3
                                    

  010

      စူးယီမော့ရဲ့ အတူနေကြရအောင် ဆိုတဲ့တခွန်းက အပြောသက်သက်မဟုတ်ဘူးပဲ ။

  တလကြာပြီးနောက် ။
  လျန်ဖုန်းကေား  ဒဏ်ရာအနာတွေကျက်ပြီ ၊ ကျန်းမာရေးအခြေအနေ တည်ငြိမ်ပြီဆိုမှ ဆေးရုံဆင်းခွင့်ရလေပြီ ၊ အိမ်ပြန်ပြီးသာ အနားယူဖို့ လိုတော့တယ် ။
  ချုပ်တည်းရလွန်းတဲ့ လျန်ဖုန်းကေား ပြတင်းပေါက်ရှေ့မှာ ပျင်းကြောလေးခပ်ရှည်ရှည်ဆန့်လိုက်ပြီး မျက်နှာပေါ်မှာ ပေါ့ပါးတဲ့ အပြုံးတွေ ပေါ်ထွက်လာတယ် ကောင်းလိုက်တာ ၊ မံမီလို သရုပ်ဆောင်စရာမလိုတော့ဘူး ။

  လျန်ဖုန်းကေား ကိုယ်ကိုလှည့်လိုက်ပြီး ကုတင်ပေါ်တင်ထားတဲ့ အဝတ်တစုံကို ကြည့်ပြီး နှုတ်ခမ်းထောင့်လေးကွေးလိုက်တယ်။
  ဒါက မနေ့က စူးယီမော့ ယူလာပေးခဲ့တာလေ သူ ကျင်ချိုးဟန်အဖြစ် လူစားထိုးနေထိုင်နေတဲ့ ကာလအတွင်း စားသောက်နေထိုင်မူတွေအားလုံး စူးယီမော့ ပံ့ပိုးပေးလိမ့်မယ် ။
  လျန်ဖုန်းကေား လက်ဆန့်ပြီး အင်္ကျီရဲ့ ဒီဇိုင်းနဲ့ အစကို လှပ်ကြည့်လိုက်ကာ ခေါင်းလေးငြိမ့်မိတယ် အင်း ...…အမြင်တော့ မဆိုးဘူးပဲ ။

  တလနီးပါးလောက်ဝတ်ထားတဲ့ လူနာဝတ်ကို ချွတ်လိုက်ပြီး လျန်ဖုန်းကေား အဝတ်ကို သေချာဝတ်လိုက်ပြီး ကြယ်သီးတပ်မလို့ ရှိသေးတယ် အခန်းတံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရတယ် ။
  စူးယီမော့ တံခါးဖွင့် လိုက်တာနဲ့ လျန်ဖုံးကေားနဲ့ အပေါ်တဝက်ဗလာပုံကို တွေ့လိုက်ပြီး---ရှပ်အင်္ကျီက ကြယ်သီးမတပ်ရသေးတာမို့ ရင်ဘတ်အောက်နားလေးက ဒဏ်ရာနှစ်ချက် ၊ ညာဗိုက်နားမှာလည်း တူညီတဲ့ ဒဏ်ရာတခုရှိတယ် ၊ ထိုနေရာတွေသည် ကျင်ချိုးဟန် သေနတ်ပစ်ချက်ထိသည့်နေရာတွေဖြစ်ပြီး နည်းနည်းမှပင် နေရာမလွဲချေ။သေနတ်ဒဏ်ရာအနာကျက်ပုံ အမာရွတ်ပုံစံနဲ့ ကိုက်ညီနေတာမို့ စူးယီမော့ မျက်ဝန်းထဲမှာ ကျေနပ်တဲ့အကြည့်တွေမြင်လိုက်ရတယ် ဒီ လျန်ဖုန်းကေားက စေ့စပ်သူပဲ ၊ ဒဏ်ရာကနေ ကောင်းလာပြီးနောက် သူ့ကိုယ်ပေါ်မှာ အမာရွတ်ချန်ထားရမယ်ဆိုတာကို မမေ့ဘူး၊ တခြားသူ မြင်ရင်လည်း .....
  
     ဒီတလလုံးမှာ အစားအသောက်ပုံစံကလည်း လူနာတယောက်ပုံနဲ့ ကိုက်ညီစွာဖြင့် တဖြည်းဖြည်းပြောင်းလဲတယ် ရှိသင့်တဲ့ ရင်းနှီးမူနဲ့ ချစ်ခင်မူတွေလည်း လုပ်ပြသင့်သလောက် ပီပီပြင်ပြင်လုပ်ပြနိုင်တယ် ၊ တခုပဲ သူ့ကို ဖက်တဲ့အချိန်တိုင်း လျန်ဖုန်းကေားက အလိုအလျောက်တောင့်သွားတတ်တာပဲ ပြီးမှ သူ့ရဲ့ ဖိအားအောက်မှာ ဖြည်းဖြည်းဖြေချရတယ် ။ ကြည့်ရတာ သူက အမျိုးသားချင်း ဖက်တာ နမ်းတာကို ကျင့်သားမရသေးဘူး ။
  ဒါပေမဲ့ သူဘယ်တော့မှ ကျင့်သားမရဘူးလို့ မပြောဘူး မရဘူးလို့လည်း မပြောဖူးဘူး ရွှေရောင်အဆင့် လူစားထိုးတဦးရဲ့ ကျင့်ကြံမူက သူ့ကိုယ်ပေါ်မှာ ပြီးပြည့်စုံစွာ မြင်ရနိုင်တယ် ။
  သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ပိန်ကပ်အားပျော့နေရာကနေ အားဖြည်းဖြည်းပြည့်လာပုံ၊ မျက်နှာဖြူဖတ်နေရာကနေ ကျန်းမာတဲ့ အသားအရေ၊ လူမမာရဲ့ ညိုးငယ်မူကနေ သက်သာလာပြီးနောက်ရဲ့ ကောင်းမွန်လာမူ တဖြည်းဖြည်းချင်းစီ စူးယီမော့ရှေ့မှာ သရုပ်ဆောင်ပြနိုင်လေတယ် ။

လူစားထိုးWhere stories live. Discover now