046

393 80 0
                                    

  046
     
      အိပ်မက်ထဲက လျန်ဖုံးကေားက မျက်မှောင်တွေ ထပ်ကျုံ့လာပြီး မျက်နှာဘေးစောင်းကာ ပါးစပ်အနည်းငယ်ဟနေတယ် တခုခုကို အော်ဟစ်ချင်ပုံပဲ တခုခုကို တားစီးချင်ပုံပဲ မြန်ဆန်လာတဲ့ လေရူခြင်းထဲမှာ အရက်နံ့ပါးပါး ပါလာတာမို့ လူ့ရဲ့ဦးနှောက်ကိုမသိလိုက်ပဲ ပူလောင်လာစေတယ် ။
  စူးယီမော့ လည်း ဘာဖြစ်တယ်မသိ ၊ အစက သူ့ရဲ့ အစီအစဉ်က ဖုန်းချပြီးတာနဲ့ လှည့်သွားတော့မယ် !
  နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပင်မသိလိုက်ပဲ ကုတင်ဘေးမှာဒူးထောက်ချလိုက်ပြီး ကိုယ်ကို ကိုင်းကာ တိတ်ဆိတ်နေတဲ့ လျန်ဖုံးကေားပုံကို စိုက်ကြည့်နေမိတယ် ခဏမှာတော့ နှာခေါင်းနားကမူးယစ်စေတဲ့ အရက်နံ့ကြောင့် မူးသွားတာလားမသိဘူး စူးယီမော့ကိုယ့်ကိုပင် မထိန်းနိုင်ပဲ ကပ်သွားတယ် ၊ထပ်ကပ်တယ် နောက်ဆုံး လျန်ဖုံးကေားရဲ့ နှုတ်ခမ်းမှာ ထပ်မိသွားတယ် ။
      
  ပျော့ပျောင်းတဲ့နှုတ်ခမ်း ၊ အထူအပါးအနေတော် ၊ ပါးစပ်ထဲငုံထားလိုက်တာ အရသာအပြည့်ပဲ ။ စူးယီမော့ ရဲ့ အနမ်းက ညင်ညင်သာသာကနေ ပိုပို အရိုင်းဆန်လာတယ် လျန်ဖုံးကေားကတော့ လန်ခွန်းရဲ့ စိုးစိုးမိုးမိုးနမ်းနေသော အနမ်းအိပ်မက်ဆိုးထဲမှာ ရုန်းကန်နေတယ် ။
  
       လျန်ဖုံးကေားရဲ့ ရုန်းကန်မှုကို စူးယီမော့ သတိထားမိလိုက်တာမို့ ပိုပြီးစိတ်ပါလာတယ်၊ သူက ဘယ်သူမှ သူ့ကို ငြင်းဆန်တာကို မလိုချင်ဘူးလေ၊ ချစ်ကြည်နူးမှုကိစ္စတွေတောင်မှ ကိုယ်က ထိန်းချုပ်ဦးဆောင်သူဖြစ်ရမယ် အခုချိန်မှာ စိတ်ကူးပေါက်ပြီး လူတယောက်ကို နမ်းချင်တာကို ဒီလူက သူ့လျှာဖျားဝင်မှာကို အတင်းကာကွယ်နေတယ် !

  စူးယီမော့က လျန်ဖုံးကေားရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တာမို့ လျန်ဖုံးကေားနာသွားကာ ကာကွယ်ခြင်းတွေ လျော့သွားတာမို့ စူးယီမော့ အခွင့်ကောင်းယူပြီး ဝင်သွားကာ သူ့ရဲ့လျှာကို လိုက်ဖမ်းယူပြီး လျှာတွေအတူကဖို့ ကြိုးစားတယ် ။

 လျန်ဖုံးကေားက ရှောင်လို့မရတာမို့ လျှာတွေယှက်မိသွားချိန် တဆင့်ပြီးတဆင့် စူးယီးမော့ရဲ့ တိုက်ကွက်တွေကို ချေဖျက်ပြီး သူ့ပါးစပ်ထဲကနေ တွန်းထုတ်ချင်နေတယ် ။

လူစားထိုးWhere stories live. Discover now