009

493 95 1
                                    


  009 🔥

     " မင်းအရမ်းတော်တယ်..."
  ဒီလိုချီးမွမ်းတာကို လျန်ဖုံးကေားက ကြားရတာများပေါ့ သို့သော် စူးယီမော့ ပါးစပ်ထဲကနေ ပြောထွက်လာတာမို့ ဒီရက်ပိုင်းရဲ့ အားစိုက်ထုတ်မူကြောင့် ‌သူ့ရဲ့လုပ်ရပ်ကို လက်ခံလိုက်ပြီပဲ ။

  လျန်ဖုံးကေား ကကျေနပ်သလိုလို မတတ်သာသလိုလိုဖြင့် မျက်လုံးမှိတ်လိုက်တယ် ။
  သူလည်း ခဏက ရိပ်ကနဲဖြတ်သွားတဲ့ လူရိပ်ကို မြင်လိုက်တယ်လေ အကယ်၍ ခန့်မှန်းတာမမှားဘူးဆိုရင် စူးယီမော့ရဲ့ ပြိုင်ဘက်တွေ အခြေအနေလာစုံစမ်းတာဖြစ်မယ် ။

 ဘယ်ဘက်ဗိုက်က စူးယီမော့လက်ဖဝါးတင်ခဲ့တဲ့ အနွေးဓါတ်တွေ ကျန်နေသေးတယ် လျန်ဖုန်းကေား နူတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး မသိသာသော အပြုံးကို ပြုံးလိုက်တယ် ထိုလူက ကြည့်ရတာအေးစက်စက်နဲ့ ကိုယ်အပူချိန်ကတော့အတော်မြင့်သားပဲ ။

  လျန်ဖုန်းကေား စောင်လေးခြားပြီး ဗိုက်ကို အသာပွတ်နေတယ် ၊ ခဏက စူးယီမော့ ကိုယ်အောက်မှာအဖိခံထားရတာကို စဉ်းစားမိပြီး ကျောလေးတချက်တုန်တက်သွားတယ် ။

  သူနဲ့ ကျင်ချိုးဟန်နဲ့ xxoo ပုံရိပ်တွေကို ဆက်စပ်စဉ်းစားမိတော့လည်း သူတို့ချစ်ကြပုံက အတော်ကိုကြမ်းလိမ့်မည်ဆိုပြီး လျန်ဖုန်းကေားတွေးရင်းတွေးရင်း.....ဆတ်ကနဲ , သူ့မျက်လုံးက ရုတ်တရက်လန့်တရက်သွားတဲ့ပုံနဲ့ ပြူးသွားတယ် ---နောက်ဆို ---အဲ့ကိစ္စပါ လုပ်ရမှာလား ?
  အမလေး ---မဖြစ်ဘူး---
  
      တညလုံး ဗိုက်နာခြင်းက နှိပ်စက်ထားထားလို့ တညလုံး အိပ်မရတာမို့ အခု အတော်ငိုက်နေပြီ ၊ လျန်ဖုန်းကေား မျက်လုံးမှိတ်လိုက်တာနဲ့ အမြန်အိပ်ပျော်သွားလေပြီ ။

  အိပ်မက်ထဲမှာ စူးယီမော့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်က သူ့ကိုယ်ပေါ်မှာ ဖိထားပြီး ပူကျစ်နေတာမှ သူ့ကို အရည်ပျော်သွားစေတော့မဲ့အတိုင်းပဲ ၊ ပြင်းရှတဲ့အနမ်းတွေ နှုတ်ခမ်းပေါ်‌ကျရောက်လာပြီး ထပ်ပြင်းရှစွာဖြင့် သူ့ရင်ပတ်ပေါ်က အသားတွေကိုက်ဖွနေပြီး တောက်လောင်စေတော့မဲ့ လက်ဖဝါးတွေက သူ့ဗိုက်နားမှာ ပွတ်သပ်နေတယ် ပြီးနောက် အောက်ကို ထပ်ရွှေ့သွားကာ သူ့ရဲ့ အားနည်းချက်က‌လေးကို ကိုင်လိုက်ပြီး.....ခံစားဖို့ကောင်းတဲ့ ကွက်တိအားလေးဖြင့် ဖြစ်ညှစ် ပွတ်သပ် ကစားနေတယ် ခပ်မြန်မြန်ပဲ လျန်ဖုန်းကေားက ကျေနပ်သော ညည်းသံလေးများထွက်လာပြီး မကြာခင်မှာလည်း လွှတ်ထုတ်လိုက်လေတော့တယ် ။ စူးယီမော့က လျန်ဖုန်းကေားရဲ့ ကိုယ်ပေါ်မှာ ဒူးထောက်‌ထိုင်ထားပြီး သူ့ကိုယ်တိုင်ရဲ့ ခါးပတ်ကို ဖြည်လိုက်ချိန် ခုန်ထွက်လာတဲ့ ဟိုအရာတခုကို သူ့ပါးစပ်နား ပို့လာ----
     အားးးးးးးး !
  
     လန့်ဖြန့်ပြီးနိုးလာတဲ့ လျန်ဖုန်းကေား လေကို ပြင်းထန်စွာ ရူနေမိတယ် ၊ နဖူးပေါ်မှာလည်း ချွေးတွေ စီးကျနေတာမို့ ဆံပင်နားသယ်စတွေ စိုကုန်ပြီ ။
  " ဘာဖြစ်လို့လဲ ? အိပ်မက်ဆိုးမက်တာလား ? "
ညင်သာသောလေသံက နားဘေးမှာထွက်ပေါ်လာခဲ့တာမို့ ခေါင်းဘေးစောင်းကြည့်လိုက်တော့ စူးယီမော့ ရဲ့ မျက်နှာခန့်ခန့်က အနီးဆုံးမှာ ...
  ဘယ်ဗိုက်ပေါ်ကို ပူကျစ်တဲ့အရာတခု လာအုပ်လိုက်တယ် လျန်ဖုန်းကေား လှမ်းကြည့်လိုက်တော့ ချက်ချင်းကို လန့်ဖြန့်ပြီး ထထိုင်လိုက်တယ် !
  ဒီလူရဲ့ လက်က ဘာလို့ သူ့ဗိုက်ပေါ် လာတင်တာလဲ ?!
  
" ရှောင်ဟန် ! "
စူးယီမော့ လည်း လန့်သွားလေတယ် ၊ ဒါပေမဲ့ သူ့ရဲ့ သရုပ်ဆောင်ကလည်း အတော်ကောင်းတာမို့ ဂရုတစိုက်နဲ့ လျန်ဖုန်းကောရဲ့ ကျောကို ဝှိုက်ဖက်လိုက်ပြီး သူ့ပုခုံးပေါ်လက်တင်လိုက်ကာ သူ့ကို ရင်ဘတ်ထဲ လှမ်းမှီစေလိုက်တယ် နောက်လက်တဖက်ကလည်း သူ့ရဲ့လက်မောင်းကို အသာလေးပုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ချော့နေတယ်
" မကြောက်နဲ့ , ကိုယ် ဒီမှာရှိတယ် ... ဘာမှ မဖြစ်တော့ဘူး ...."
  
    လျန်ဖုန်းကေားလည်း သတိပြန်လည်လာကာ လက်တဖက်ကို ရင်ပတ်ပေါ်တင်ပြီး အနာကိုထိမိသလို ဟန်ဆောင်လိုက်တယ် တောင့်တင်းနေတဲ့ကိုယ်ကို ဖျော့ချလိုက်ပြီး စူးယီမော့ရဲ့ ရင်ပတ်ထဲမှာ မှီနေလိုက်ကာ လေရူသံပြင်းပြင်းကို လျှော့ချလိုက်တယ် ။
  " အရမ်းနာနေလား ? မင်း ချွေးတွေ ပြန်နေတယ် ..."
စူးယီးမော့က သူ့နားရွက်နားမှာ ကပ်ပြီး မေးတယ် ။

    ခဏက ဆေးယူပြန်လာတော့ လျန်ဖုန်းကေားက ခေါင်းစောင်းပြီးတောင် အိပ်ပျော်နေပြီ ၊ အိပ်မက်မက်နေတာလားမသိ မျက်မှောင်ကြုတ်ပြီး အသက်ရှူသံတဖြည်းဖြည်း ပြင်းလာတာမို့ စူးယီမော့က သူနာလွန်းလို့ မေ့မျောသွားတယ်လို့ထင်မိတာမို့ သူဗိုက်ကို ပွတ်ပေးတော့မဲ့ချိန် သူ ရုတ်တရက်နိုးလာမယ် မထင်မိဘူး ရုတ်တရက်ကလည်း ထထိုင်လိုက်သေးတယ် တကယ့်ကို လန့်သွားတာ ။
  တော်သေးတယ် ၊ သူ့ ရဲ့ အလုပ်ကို တော့ သူမမေ့ရှာဘူး ။

  " ရပါတယ် ၊ အတော်ကောင်းနေပြီ "
လျန်ဖုန်းကေားက သူ့ရင်ပတ်ထဲ တိုးဝေ့ကာ အသံတိုးဖြင့် ဖြေလိုက်တယ်။

  စူးယီမော့က လက်ထဲက ဆေးပြားကို သူ့ နှုတ်ခမ်းနားတေ့ပေးလိုက်ကာ
" ဆေးသောက်သင့်ပြီ "
  လျန်ဖုန်းကေား သဘောပေါက်လိုက်တာမို့ လိမ်လိမ်မာမာ ပါးစပ်ဟပေးလိုက်တယ် ပါးစပ်ထဲက တံတွေးတွေ ခဏစုလိုက်ပြီး တံတွေးနဲ့အတူ ဆေးကို မြိုချလိုက်တယ် ။
   စူးယီမော့ သူ့ကို ခေါင်းအုံဖြင့်မှီလို့ရအောင် ထူပေးလိုက်ပြီး ကိုယ်ကို လှည့်ကာ စားပွဲပေါ်က ရေခွက်ကို သွားယူပြီး ပြန်လှည့်လာချိန်မှာ လျန်ဖုံးကေားက ဆေးကို မျိုချလိုက်လေပြီမို့ တချက်ငိုင်သွားတယ် ။

  လျန်ဖုန်းကေား က လူတယောက်တန့်သွားတာကို သတိထားမိတာကြောင့် ခပ်ပါပါးပြုံးမိတယ် ။

 ဆေးကို တခါတည်းမျိုချတာအကျင့်ပါနေပြီးမို့ သရုပ်ဆောင်ဖို့အတွက်တော့ အခက်အခဲမဖြစ်စေလောက်ဘူးမလား ?

 စူးယီမော့ လျင်မြန်စွာပဲသတိလည်လာပြီး ရေခွက်ကိုလျန်ဖုန်းကော နှုတ်ခမ်းနားတေ့ပေးလိုက်ကာ
" ရေသောက်လိုက်အုံး " 

  ရေအပူအနွေးကွက်တိပဲ ၊ လျန်ဖုန်းကေား နှစ်ငုံလောက်သောက်ပြီး ခွက်ကို လှည့်ရှောင်လိုက်ကာ
" အားမော့ ၊ ငါ ဘယ်အချိန်လောက် ဆေးရုံကဆင်းလို့ရမလဲ ? "

  စူးယီမော့လည်း သူ့ကို ရေသောက်ဖို့ ထပ်မတိုက်တွန်းဘူး သူ ဗိုက်ကလည်း အဆင်မပြေနေဘူးလေ ရေခွက်ကို စားပွဲပေါ်တင်လိုက်ပြီး နူးညံ့သောလေသံဖြင့် သူ့ရဲ့မေးခွန်းကို ဖြေလိုက်တယ်
" မင်းရဲ့ ဒဏ်ရာ ကောင်းအောင်စောင့်ပြီးမှ ဆင်းလို့ရမယ် "

 လျန်ဖုန်းကေား မအောင့်မိပဲ သက်ပြင်းချလိုက်မိတယ်။
  စူးယီမော့က သူ့ရဲ့ ဆံပင်ကို ပွတ်သပ်ပေးလိုက်တယ် ခွေးကလေးကို ချော့နေသလိုပဲ
" ခဏသည်းခံလိုက်နော် ၊ အချိန်ရောက်ရင်ဆင်းဖို့ လာကြိုမယ် ။ ငါတို့....အတူနေကြရအောင် ! "

  

  

လူစားထိုးWhere stories live. Discover now