091

438 87 4
                                    

 044

     " မဟုတ်ဘူး ၊ နောက်တော့ သူက ငါ့ပုံစံနဲ့ လန်ခွန်းကို တွေ့ဆုံတာတွေက ငါ့တောင်းဆိုမှုတွေပဲ "
အန်းမု သက်ပြင်းချလိုက်ကာ
" အဲ့အချိန်က သူက အန်းယန်းမှန်း ငါမသိဘူးလေ ၊ လန်အိမ်ကလည်း အမေရိကားမှာ အင်အားအတော်ကြီးနေချိန်လေ ၊ အကယ်၍ လန်အိမ်နဲ့ စီးပွားရေးအရ ပူးပေါင်းခွင့်ရရင် အကျိုးအမြတ် ပိုရယူနိုင်တယ်လေ ၊ ဒါဆို အဖေလည်း ငါ့ကို အမွေပိုခွဲပေးနိုင်တယ်ပေါ့ "

  ဒီလို အကောက်ကြံတာတွေ အမွေကိစ္စတွေကို ပြောရတာလည်း အန်းမု နေရခက်ရှာတယ် ။

  လူကုံထံ သူဌေးသားတဦးအနေနဲ့ သူက အမွေလုခြင်းထဲ မပါချင်ပေမဲ့လည်း ဆွဲထည့်ခံရနိုင်တာပဲလေ ။

  ဒီလိုဆိုလည်း သူက ဘာလို့ ခြေတလှမ်းမဦးထားရမှာလဲ ?
  ပြောရရင် အဲ့အချိန်က အန်းချန်က အမွေကို လုချင်နေတာလေ ၊ သူ့ထက်ငယ်တဲ့ ညီနှစ်ယောက်ကလည်း ခပ်လှုပ်လှုပ်နဲ့လေ ။

  ---လူကုံထန်အသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတာ အသက်ကြီးငယ်မရွေး ဆာလောင်နေတဲ့ ဝံပုလွေတွေလိုပဲ လောဘတကြီးနဲ့  ။

 အကယ်၍ ကိုယ်ကလောဘသာမကြီးလည်း သတိမထားမိရင် ဒုက္ခရောက်စေနိုင်တယ်လေ ။

  အန်းမု သက်ပြင်း ဆက်ချကာ
  " အဖေက ငါ့ကို အမွေပို မခွဲပေးနိုင်လည်း ငါသာ လန်ခွန်းနဲ့ ပတ်သက်မှုကို ကောင်းကောင်းအသုံးချနိုင်ရင် ကုမ္ပဏီအတွက် အကျိုးပြုနိုင်သလို ဘာမှမရလိုက်ရင်တောင် ဈေးကွက် ထိုးဖောက်ရေးအတွက်ကတော့ ရရှိမယ်လေ "

  " ဒါပေမဲ့ ငါမသိတာက အဲ့အရှေ့မှာကတည်းက လျန်ဖုန်းကေားက ငါ့နာမည်ကို အသုံးချပြီးတော့ လန်ခွန်းကို သွားဆွထားပြီးပြီ ။ သူ့စိတ်ထဲမှာ ငါနဲ့ အမေက သူ့ကို စွန့်ပစ်ခဲ့တာကို မှတ်ထားတုန်းလေ ၊ ဒါ့ကြောင့် သူက ငါ့ကို အပြစ်တင်တယ်၊ အဖေ့ကို ပိုအပြစ်တင်တယ်"

  " အဖေနဲ့ ဘာဆိုင်လို့လဲ ? အဖေက သူ့ကို ချစ်တာပဲ မဟုတ်လား ? "
အန်းချန် စိတ်ဝင်စားလာ၍ ပြန်လာကာ ထိုင်ခုံဆွဲထိုင်လိုက်ပြီး နားမလည်ကြောင်းပြတယ် ။

လူစားထိုးOù les histoires vivent. Découvrez maintenant