079

391 74 4
                                    


 032

     ဒီလို စလိုက်နောက်လိုက် ၊ သူက တချက်နမ်းလိုက် ငါကတချက်နမ်းလိုက် နဲ့  ရေချိုးတဲ့အချိန် စနေကြပြီး မင်းငါ့ကျောတိုက်ပေး ၊ ငါ မင်းကျော‌ကိုတိုက်ပေး နဲ့ တယောက်နဲ့ တယောက် အကျောရယူနေတဲ့ နေရက်တွေ သိပ်မကြာလိုက်ဘူး ။

  ပျော်ရွှင်တဲ့နေ့ရက်တွေက အဲ့ဒီတရက်မှာ ပြီးဆုံးသွားတယ် ။

     အဲ့ဒီနေ့က ၊ စူးယီမော့က သူအကြိုက်ဆုံးဝတ်စုံတစုံယူထုတ်လာပြီး လျန်ဖုံးကေားကို ဝတ်ပေးကာ ကိုယ့်ကိုလည်း စတိုင်ကျကျတစုံ ဝတ်ဆင်လိုက်ပြီး လျန်ဖုံးကေားကို အတင်းဆွဲခေါ်ပြီး ဓါတ်ပုံသွားရိုက်မယ် ၊ နှစ်ယောက်သားရဲ့ နောက်အတွက် မင်္ဂလာဆောင်ဓါတ်ပုံတဲ့ !
  ကလေးနှစ်ယောက်ကို အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ သင်ပေးမဲ့သူမရှိတော့ စူးယီမော့နဲ့ လျန်ဖုံးကေားတို့က နှစ်ယောက်သား အချင်းချင်း နှစ်သက်ရုံနဲ့လက်ထပ်လို့ရပြီ အတူနေလို့ရပြီ လို့ထင်နေကြတယ် ။

  လမ်းတဝက်ရောက်တဲ့အချိန် ဘေးကနေ ရုတ်တရက် အနက်ရောင်ကားတချို့ ထိုးထွက်လာပြီး သူတို့ရဲ့ကားကို့ ဝိုင်းထားပုံနဲ့ လိုက်နေကြတယ် အထဲကနှစ်စီးက ကပ်မောင်းတာ အတော်နီးတယ် ။

  ကလေးနှစ်ယောက်ကတော့ ဘာမှမသိစွာဖြင့် အနောက်ထိုင်ခုံမှာ ရယ်ရယ်မောမော ပြောနေကြတယ် ကားမောင်းနေတဲ့ အားဟောကတော့ သတိဝင်သွားတယ် ၊ သူက ကူညီမဲ့သူလွှတ်ပေးဖို့ ဖုန်းဆက်လိုက်တယ် ၊ ဒီကားမှာက သူတယောက်တည်းပဲရှိပြီး အနောက်က လိုက်နေတဲ့ သက်တော်စောင့် လေးယောက်ပါပေါင်းလိုက်ရင် ခဏတော့ ရင်ဆိုင်လို့ရတယ် ။
  
     အားဟော အသံနိမ့်ကာ ဖုန်းဆက်နေတာကြားတဲ့ စူးယီမော့က လျန်ဖုံးကေားနဲ့တွေ့စတုန်းကလို အေးစက်စက်ဖြစ်သွားကာ
  " အားဟော ၊ ဘယ်လိုဖြစ်တာလဲ ?   "
သခင်လေး ၊ အနောက်မှာ ကျွန်တော့်တို့နောက် လိုက်တဲ့လူရှိတယ် "
အားဟော အမှန်အတိုင်းဖြေတယ် ။
  
   " ခြေရာဖျောက်လိုက်လို့ မရဘူးလား ? "
စူးယီမော့ မျက်မှောင်ကြုတ်ကာ နောက်ကြည့်မှန်ကနေ အနောက်ဘက်ကို ကြည့်လိုက်ပြီး စိတ်မရှည်တဲ့မျက်နှာထား ဖြစ်သွားခဲ့တယ် ။

လူစားထိုးWhere stories live. Discover now