116

341 54 4
                                    

069
     
       ဂတုံးကို ဘေးကလူကထူပေးလိုက်တော့ ဂတုံးက ရင်ဝကိုအုပ်ရင်း ချောင်းဆိုးလိုက်တယ် ၊ သူ လျန်ဖုံးကေားကို ခပ်မုန်းမုန်းကြည့်လိုက်ကာ ပြောတယ်
  " ငါတို့ လောင်တကပြောတယ် ၊ မရရင် ဖျက်စီးပစ်ရမယ်တဲ့ ၊ လျန်ဖုံးကေား ၊ မင်းက အလိုက်မှ မသိတာကို ! "
ပြောပြီး လက်တချက်ဝှေ့လိုက်တာနဲ့ အနောက်ကလူတွေ ဝိုင်းတက်လာကာ ချဖို့ ဟန်ပြင်တယ် ။

  လျန်ဖုံးကေားက သူတို့ကို မျက်စိထဲဘယ်ထည့်ပါမလဲ ?

  ချိန်ရှီးလန် နဲ့ မီလော့ အပြင် အရိပ်မဲ့ပါ ရှိနေတော့ ပွဲထိုင်ကြည့်နေမှာမှ မဟုတ်တာ ၊ အသီးသီး လက်သင့်တဲ့အရာတွေယူပြီး ဝင်ပါကြတော့မယ်လေ ။

  မရရင် ဖျက်စီးပစ်....ရမယ် ?

  ဟ...လန်ခွန်း ၊ မင်းရဲ့ လုပ်ပုံအစစ်ပဲ !

 ဒါပေမဲ့ မင်းလွှတ်လာတဲ့ လူတွေ မညံ့လွန်းနေဘူးလား ?

  ဆရာတပည့်လေးယောက်က လက်ရည်ပြန်‌သွေးတယ်လို့ပဲ သဘောထားရတာပေါ့ လေမှုတ်သလောက်ကိုပင် အားမသုံးရပဲ တဖွဲ့လုံးကို လှဲချလိုက်နိုင်လေပြီ ၊လျန်ဖုံးကေားက လက်ကိုပုတ်ခါလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောတော့တယ်

  " မင်းတို့ သခင်ကို ပြန်သွားပြော ၊ သူက နေမင်းမဟုတ်ဘူး ၊ ဘယ်သူကမှ သူ့ကို ပတ်နေဖို့ အကြောင်းအရင်းမရှိဘူး ! ဒီလောကမှာ သူ့နဲ့ မဆိုင်တဲ့အရာတွေ များလွန်းလို့ ၊ သူက အားလုံးဖျက်စီးနိုင်မှာမို့လား ? "

  ဒီနေရာက အစွမ်းအစရှိသူတွေကို ဂတုံးတွေ့တာနဲ့ လက်ခံခဲ့တဲ့အလုပ်ကို ပြီးအောင်မလုပ်နိုင်တော့တာကို သိလိုက်တယ် ဒါပေမဲ့ သွေးခွဲတာကိုတော့ လုပ်နိုင်ပြီမို့ ဒယိမ်းဒယိုင်နဲ့ ထလာပြီး ဖုန်အလူးလူးဖြင့် ပြန်သွားကြတော့တယ် ။

  ဒီလေးယောက်ရဲ့ တိုက်ခိုက်အားက မဆိုးဘူးဆိုပေမဲ့ ပြဿနာရှာတဲ့သူတွေမောင်းထုတ်လိုက်ပေမဲ့လည်း အရက်ဘားထဲက ဧည့်သည်တွေတော့ ဝုန်းကနဲ ပြေးကာပျောက်ကုန်ကြလေပြီ။

လူစားထိုးWhere stories live. Discover now