058

393 75 0
                                    


  011 🔥🔥🔥

   " မင်း....."
မှုန်ဝါးဝါးအကြည့်ထဲမှာ ထိုနတ်ဆိုးမျက်နှာဖုံးကို တပ်ထားတဲ့သူက ကိုယ့်ဘက်ကို တလှမ်းချင်းစီ လျှောက်လာပြီး နားဘေးမှာ  နားယောင်စေတဲ့ ဆွဲဆောင်တဲ့ စကားတွေဆိုလေတယ် ။

  " ဟဟ၊ အ'အ', ဆေးက အရက်ထဲမှာမဟုတ်ဘူး ၊ ခွက်ပေါ်မှာ ၊ မင်းက အစစအရာရာ သတိထားတတ်တယ် လည်တယ်လို့ ပြောကြတယ် ၊ အခုက လည်လွန်းလို့ ဘီးချီးနင်းမိတာမလား ? "
ထိုလူက စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းထောင့် ကွေးကာ ဘယ်လက်က ကြာပွတ်ကို တပတ်ချင်းစီ ပတ်လိုက်ပြီး လက်ထဲကစားနေတယ် ။
"ဒါပေမဲ့ မကြောက်ပါနဲ့ , ငါ မင်းကို ဒုက္ခမပေးပါဘူး ၊ စိတ်ပါစေတဲ့ဆေးလောက်ပါ ၊ ခဏနေ လူတယောက်ရှာပြီး ဖြေရှင်းလိုက်ရင် ကိစ္စမရှိတော့ဘူး "

      လန်ခွန်း ရုန်းကန်ချင်နေတာကို သိပြီး ခြေထောက်နဲ့ပါ ကန်ဖို့ကြိုးစားတာကို တွေ့လိုက်တာမို့ ထိုလူတခွန်းဖြည့်လိုက်သေးတယ်
  " အော် မင်းကို ပြောပြဖို့ မေ့တော့မလို့ စိတ်ပါအောင် ဆိုပေမဲ့လည်း သာမန်‌စိတ်ကြွဆေးတော့မဟုတ်ဘူး ထုံဆေးရောထားတဲ့ ဆေးပါ မင်းအခု ခြေလက်အားမရှိတာက ပုံမှန်ပါ အတင်းကို အားယူပြီး ခြေနဲ့မကန်နေနဲ့ ၊ အဲ့တာမဖြစ်နိုင်ဘူး ဒီအချိန်မှာ အားလေးမွေးထားပါ "

  လန်ခွန်း အစကတော့ စိတ်ဆိုးကာမုန်းနေတဲ့မျက်နှာထားကနေ ရုတ်တရက် ဂရုမစိုက်တဲ့ပုံ ပြောင်းသွားကာ ခပ်ပေါ့ပေါ့တောင်ရယ်လိုက်သေးတယ်
  " အော် ? လတ်စသတ်တော့ Dear က ကြာပွတ်နဲ့စိတ်ပါအောင် လုပ်မလို့လား ? တကယ့်ကို အရသာပြင်းတာပဲ ! ဒါဆိုလည်း ငါက မင်းနဲ့ အတူ ရူးပေးမှာပေါ့ ! Dear , Come Quickly, ကိုယ်မစောင့်နိုင်တော့ဘူး ! "
  
   မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသားက ဒီအခြေအနေကို မကြုံဖူးဘူးလေ ၊ ကုတင်ပေါ်မှာလှဲနေတဲ့ ဒီလူက ရုတ်တရက် စိတ်အားထက်သန်စွာနဲ့ ကြိုဆိုနေသလိုတွေပြပြီး လူကို ကလူကျီဆယ်တောင် လာပြောနေတယ် ၊ တကယ်.....တကယ့်ကိုပဲ မျက်နှာအရေထူတယ် ! သူက မျက်နှာအမာလိုက်နဲ့ ငါ့ကိုဘာလုပ်ချင်တာလဲ မေးရမှာမဟုတ်လား ? ဘာ...ဘာလို့ ဒီလောက် ...ယွပြနေတာလဲ ?

လူစားထိုးWhere stories live. Discover now