067

443 93 1
                                    


  020

      လျန်ဖုံးကေားရဲ့ ဖြူစွတ်သွားတဲ့ မျက်နှာကို ကြည့်ပြီး စူးယီမော့ စိတ်ထဲမှာမကောင်းတော့ဘူး ၊ သူ မျက်နှာပြန်လှည့်လိုက်ပြီး အသံတိုးတိုးဖြင့်
  " မင်း အတွေးများသွားပြီ ငါ ဒီလို မပြောပါဘူး "

  လျန်ဖုံးကေား ဒီအလုပ်ကို စလုပ်ကတည်းက ဒီတခါပဲ ပထမဆုံးအနေနဲ့ အထင်သေးရှူံ့ချခံရခြင်းဆိုတော့ ဘယ်ခံနိုင်မလဲ ? စူးယီမော့က သူ့ကို အပြစ်တင်တယ်လို့ ဝန်မခံပေမဲ့ သူ ကိုယ့်ကို ယုံကြည်မှုမဲ့သွားပြီလို့ ခံစားမိတယ် ။

  " မင်းက အဲ့လိုပဲ စဉ်းစားတာ ! ငါ ဒီမှာအချုပ်ခံထားလိုက်ရတော့ မင်းရဲ့ စီစဉ်ထားတာတွေရူပ်ကုန်တယ်မလား ၊ မင်းချစ်သူရဲ့ ညီမလေးကို မကယ်နိုင်ဘူး ၊ မင်းကိုယ်တိုင် ခြေကြွပြီး လာကယ်ရတယ် ၊ မင်းစိတ်ထဲမကျေနပ်လို့ ငါ့သူငယ်ချင်းပါ ဆွဲထည့်တာလား ! "
လျန်ဖုံးကေား ရုန်းရင်း ထရပ်လာပေမဲ့ မျက်စိတွေ ပြာနေသေးတယ် ဒါပေမဲ့ သူစိတ်တိုတာတော့ ဒါအတွက်နဲ့ မလျော့သွားဘူး ။
  
        ဟိုဘက်က ချိန်ရှီးလန်နဲ့ မီလော့တို့လည်း ဒီနှစ်ယောက်ရန်ဖြစ်တာတွေ့တော့ ကြောင်သွားကြတယ် ။

    ဒါက ဘာအခြေအနေလဲ ? အလုပ်ရှင်နဲ့ body double တို့ စကားများကြပြီ ? ပြီးတော့ ကိစ္စသေးသေးလေးအတွက်နဲ့ ?
  
     ဒါနဲ့ ဖြန်ဖြေပေးမယ်ဆိုတဲ့ စိတ်နဲ့ မျက်နှာထားကိုပြုံးကာ လျန်ဖုံးကေားကို ပြောတယ်
  " ရှောင်ဖုန်း ၊ စိတ်မတိုပါနဲ့ ငါတို့ဘာသာ လာခဲ့တာပါ ...."

  " ပါးစပ်ပိတ် ! "
လျန်ဖုန်းကေား သူတို့ကို တချက်လှည့်ကြည့်လိုက်ပြီး စိတ်ဆိုးဆိုးဖြင့်ပဲ
   " အခု မင်းတို့ ကိစ္စဘာမှမရှိဘူး ၊ ခဏနေမှ မင်းတို့နဲ့ ရှင်းမယ် ! "

 ချိန်ရှီးလန် နဲ့ မီလော့တို့လည်း သူ့အကြည့်ကြောင့် လန့်ဖြန့်ပြီး ကိုယ့်အပြင်အဆင်ပြန်ကြည့်မိတော့ တကယ့်ကို ဝတ်ထားတာ ထင်းထွက်နေတယ်လေ ၊ ဒါ့ကြောင့် ရှောင်ဖုန်း စိတ်ဆိုးတာပေါ့ ။

  စူးယီမော့က အခုချိန်မှာ ရယ်ရမလို ငိုရမလိုဖြစ်နေပြီ လျန်ဖုံးကေား ဘယ်လိုတွေးနေပါလိမ့် ကိုယ်က သူ အလုပ်လုပ်တာအဆင်မပြေဘူးဆို တခါတည်း အလုပ်ဆက်မလုပ်ရုံပေါ့၊ ဘယ်လိုလုပ်သူ့သူငယ်ချင်းတွေကို ဆွဲထည့်ရမှာလဲ ? သူ အစက သူ့ကို အမြန်ကယ်ထုတ်ပြီးမှ ချိန်ရှီးလန်တို့ကို ပြောပြမယ်ပေါ့ ဒါဆို သူတို့လည်း မပါလာတော့ဘူးပေါ့ ဒါပေမဲ့ သူတို့ အဲ့လောက်မြန်မယ်လို့ မထင်ဘူးလေ သူက ရှင်းပြရတာလဲ ပျင်းတဲ့လူလေ ဒါနဲ့ပဲ ဆက်လက်တိတ်ဆိတ်စွာနေပြီး လျန်ဖုံးကေားရဲ့ သူငယ်ချင်းနှစ်ယောက်ကိုပါ အချိန်ရရင် ကြည့်လိုက်သေးတယ် ။   

လူစားထိုးWhere stories live. Discover now