062

429 85 5
                                    


  015

     ကိစ္စက လွန်ခဲ့တဲ့နှစ်ရက်မတိုင်ခင်ထိကို ပြန်သွားရမယ် ။

 စူးယီမော့က ဘယ်လိုစဉ်းစားစဉ်းစား အဆင်မပြေသလိုဖြစ်နေတယ်လို့ ထင်မိတယ် ။ အခု လျန်ဖုံးကေားသတင်းမကြားရပဲ ကျင်ချိုးလန်ကို ပါ မကယ်ထုတ်လာနိုင်ဘူး ၊ ပြီးတော့ကိုယ်ရဲ့အကျိုးအမြတ်ပါ ပါသွားအုံးမယ် ....

  ဒီလို ကိုယ်တိုင်စီမံခွင့်မရှိပဲ စောင့်ကြည့်နေရတာက သူစူးယီမော့ရဲ့ စတိုင်မဟုတ်ဘူး ၊ ကိုယ့်ရဲ့ အင်အားတချို့တောင်စွန့်ထုတ်ရမယ်ဆိုတော့ သူလည်း ညီမျှတဲ့အကျိုးအမြတ်တော့ပြန်ရမှရမယ်လေ ။

 ထိုင်စောင့်နေတာထက်စာရင် ဝင်ဖောက်တာက ပိုကောင်းမလားပဲ။

  ဒါနဲ့ပဲ သူက ကျင်ချိုးဟန်ဖုန်းပေါ်မှာ တပ်ထားခဲ့ဖူးတဲ့နောက်ယောင်ခံစနစ်ကို  ဖွင့်လိုက်တယ် လန်ခွန်းရဲ့ ခြေချရာကို စုံစမ်းလို့ရလိုက်တယ် ။

  ဒီနေရာက A မြို့ ၊ စူးယီမော့ရဲ့ပိုင်နက်လေ ၊ သူ့လက်အောက်က အမိန့်ရပြီးတာနဲ့ စတင် ရှာဖွေစုံစမ်းပြီလေ ။

  လန်ခွန်းက အကယ်၍ လျန်ဖုံးကေားက သူ့ကိုပေးတဲ့ အချက်အလက်တွေက မှန်တယ်ဆို ဒီအချက်အလက်တွေကို လက်လွှတ်မှာမဟုတ်ဘူး သူ ငါ့ရဲ့ဆိပ်ကမ်းက ပစ္စည်းကို ယူဖို့ ကြိုးစားလိမ့်မယ် ။

  လန်ခွန်းနဲ့ ထိပ်တိုက်သွားတွေ့လို့မရဘူး ၊ သူ အခွင့်ကောင်းယူပြီး လျန်ဖုံးကေားကို ထိခိုက်စေနိုင်တာမို့ တကွက်ပဲ ကျန်တယ် ၊ --- အရှေ့ကိုခြောက်ပြီး အနောက်ကိုလှမ်းမယ်၊ နည်းလမ်းကိုပြောင်းပြန်သုံးမယ်။

  
     နှစ်ရက်နောက်မှာ ။
  လန်ခွန်းက တကယ်ပဲ လူတွေခေါ်ပြီး ဆိပ်ကမ်းကို ရောက်လာတယ် ဒါပေမဲ့ စူးယီမော့ရဲ့ အင်အားကို မထိရသေးခင်မှာပဲ စူးယီမော့ကို စောင့်ကြည့်နေတဲ့ လူယုံရဲ့ဖုန်းကို ရလိုက်တယ် ၊  Aမြို့မှာ လန်ခွန်းကမနည်းထူထောင်ထားရဲ့ night club ကို---စူးယီမော့ သူ့လူတွေခေါ်ပြီး ဝင်တိုက်ဖို့ ပြင်ဆင်နေတယ် ။

လူစားထိုးWhere stories live. Discover now