071

446 85 4
                                    


  024

      အရင်က အကြောင်းတွေ စဉ်းစားပြီး အန်းမုနဲ့ အန်းချန်တို့ တိတ်ဆိတ်သွားကြတယ် ။

  တော်တော်ကြာမှ အန်းမုက အန်းချန်ပုခုံးကိုပုတ်လိုက်ပြီး ညင်သာလေသံဖြင့်
  " အင်း ၊ ပြီးသွားတဲ့ ကိစ္စတွေ မတွေးနဲ့တော့ ။ ငါက အပေါ်ယံဒဏ်ရာလေးပါ ၊တကယ်ဒဏ်ရာရတဲ့သူက လျန်ဖုန်းကေားလေ ။ ငါ ဒီလိုလုပ်တာကလည်း သူ့ကို ထပ်ပြီး ဒီလိုထပ်မကြုံစေချင်လို့ပါ ။ body double က အပြစ်မရှိပါဘူး သူတို့ရဲ့ လုံခြုံမှုကို ဂရုမစိုက်နိုင်ပဲ သူတပါးရဲ့ လုံခြုံမှာကို တာဝန်ယူပေးတာဆိုတော့ ပြန်တုံ့ပြန်ပေးနိုင်ရင် တုံ့ပြန်ပေးရမှာပေါ့ ။ မင်းလည်း ပြောမထွက်မိစေနဲ့ ။ မှတ်ထားအုံး ဒါက ငါတို့အန်းအိမ် သူ့အပေါ်တင်တဲ့ အကြွေး "

  အန်းချန် လိမ်မာစွာ ခေါင်းငြိမ့်တယ်
" ဟုတ်ကဲ့ ၊ အစ်ကိုပြောတာ နားထောင်ပါ့မယ် "
     စကားကအဲ့လိုပြောပေမဲ့ သူ့စိတ်ထဲတော့ အရေးမထားနေဘူး ။

  လူစားထိုးတဦးလေးကို ၊ အလုပ်ရှင်အတွက် အစားထိုးအနှိပ်စက်ခံရတာ ဘာဖြစ်လဲ ? သူတို့က မြင့်မားတဲ့ ငှားရမ်းခကို ယူထားပြီးပြီပဲ ဘာဖြစ်လို့ ငှားတဲ့သူက သူတို့အစား ပြဿနာရှင်းပေးရအုံးမှာလဲ ? အကယ်၍ အဲ့ဒီအစွမ်းအစမရှိရင် ငှားရမ်းခ မယူနဲ့လေ ! ကောင်းတာနှစ်ခုလုံးကို သူတို့ရတော့  အချောင်ရသလိုဖြစ်တာပေါ့ ။

  အကယ်၍ လန်ခွန်းက အစ်ကိုကြီးကို ထပ်ကပ်လာအုံးမယ်ဆိုရင် သူလည်း အစ်ကိုကြီးအစား ဒီလျှို့ဝှက်ချက်ထိန်းထားပေးနိုင်မလား မသေချာဘူး ။

  အင်း ၊ အရင်ဆုံးတော့ သူက လျန်ဖုံးကေားကို ရှာရမယ်၊ ကိုယ့်ရဲ့ အပ်နှံမှုကို သူလက်ခံပြီး 'အန်းမု'ပုံနဲ့ လန်ခွန်းကို အကွက်ချနိုင်ရင်တော့ အကောင်းဆုံးပေါ့ ! အကယ်၍ သူ လက်မခံရင် .....

  အန်းချန် ရက်စက်စွာ နှုတ်ခမ်းထောင့်ကို ကွေးလိုက်တယ်၊ အကယ်၍ သူ လက်မခံရင် ၊ ဒါဆို သူ့ကို အပြစ်ဆိုလို့မရတော့ဘူး !

လူစားထိုးWhere stories live. Discover now