083

424 84 4
                                    


36
   လူစားထိုး (ပေထန်မော့ )အပိုင်း ၃

     လိုက်ပြေးတဲ့ခြေထောက်က တဖြည်းဖြည်းအားမရှိတော့ဘူး၊ ကားက လျန်ဖုံးကေားမြင်နိုင်တဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီ ။

  လျန်ဖုန်းကေားရပ်လိုက်ပြီး လေကို အလုံးလိုက်အလုံးလိုက်ရှူနေမိတယ် ၊ မျက်ရည်ကလည်း မျက်နှာသေးသေးလေးကနေ တလှိမ့်ချင်းစီကျလာခဲ့တယ် ၊ သူက ရေရွတ်နေမိသေးတယ် 'မာမီ ' ကိုကို ' ဒါပေမဲ့ ဘယ်သူမှ ပြန်မထူးတော့ဘူး ။

  မိုးပေါ်ကနေ နှင်းတွေစကျပြီလေ ၊ လျန်ဖုံးကေားက ထိုနေရာမှာပဲရပ်ပြီး ရင်ဘတ်ထဲမှာကျန်တဲ့ ခရီးဆောင်အိတ်ကို ပိုက်ထားကာ ဖြည်းဖြည်း ဆောင့်ကြောင့်ထိုင်လိုက်ကာ တဝါးဝါးငိုတော့တယ် ။

 သူ့ရဲ့မှတ်ဉာဏ်က ပြန်မကောင်းသေးဘူး ၊ဒီနေရာက သူစိမ်းနယ်မြေတခု ၊ လော့အင်ဂျလိစ်မှာ လအနည်းငယ်နေထိုင်ခဲ့လို့ ထိုပတ်ဝန်းကျင်ကို ရင်နှီးသလောက်ရှိပြီ ဆိုပေမဲ့ အခုနေရာက နယူးယောခ့်လေ ၊လော့အင်ဂျလိစ်မဟုတ်ဘူး ရှစ်နှစ်သားအရွယ်ဖြစ်တဲ့သူက ရင်းနှီးရပါသော မေမေနဲ့ ကိုကိုရဲ့ စွန့်ပစ်ခြင်းကိုခံရတယ် ရင်ကွဲတယ်ဆိုတာ ဖြစ်မှာပေါ့ ။

  လျန်ဖုံးကေားအတော်ကြာငိုနေပြီးမှ အေးတယ်လို့ ခံစားမိမှ ကိုယ့်ကိုကိုယ် နှင်းတထပ်အုပ်နေမှန်း သိလိုက်တယ် ၊ သူအမြန်ထရပ်ပြီး ကိုယ်ပေါ်က နှင်းတွေကို ခါချလိုက်ကာ ထုံသွားတဲ့ခြေထောက်ကို ဖနောင့်ပေါက်ခါလိုက်ပြီး လာရာလမ်းအတိုင်းလှည့်ပြန်လိုက်တယ် ။

  သူ့စိတ်ထဲမှာ ကိုယ့်ကို နှစ်သိမ့်နေတယ်
  : မာမီနဲ့ကိုကိုက တခြားကိစ္စသွားလုပ်တာပါ ခဏနေပြန်လာမှာပါ ၊ သူလျှောက်ပြေးလို့ မဖြစ်ဘူး ပြေးလို့ပျောက်သွားရင် တကယ်ရှာမတွေ့တော့ဘူး ၊ သူအခု လုပ်ရမှာက ခဏက ဟိုတယ်မှာ မာမီနဲ့ ကိုကို ပြန်လာတာကို စောင့်ရမယ် ။

  ဒီအခြေအနေက အမှောင်ထဲက လူတယောက်ရဲ့မျက်စိထဲကို ရောက်သွားတယ် ။

လူစားထိုးWhere stories live. Discover now