118

440 60 3
                                    

  071

      လျန်ဖုံးကေား ထိုနေရာမှာပဲ ဆောင့်ကြောင့်ထိုင်ချမိကာ စူးယီမော့က သူ့အင်္ကျီဆွဲချွတ်နေတာကို မတားမိနေဘူး ။

  စူးယီမော့ကတော့ လျန်ဖုံးကေား ဒဏ်ရာရမရကို အဖန်ဖန်လှန်လျောကာ စစ်ဆေးပြီးမှ ရင်ထဲက အလုံးကျသွားတော့တယ် ။

  လျန်ဖုံးကေား လက်မြှောက်ပြီး စူးယီမော့ရဲ့ ဒဏ်ရာရနေတဲ့ လက်ကို အုပ်ကိုင်လိုက်တယ်၊ အရူးလို ဒဏ်ရာရမရစစ်နေတဲ့သူကို တားတာဖြစ်သလို သူ့လက်မောင်းက သွေးတွေလည်း စီးတာလျော့သွားအောင်ပေါ့ ။ နှစ်သိမ့်သောအသံနဲ့ သူ အသံတိုးတိုးပါပြောလေတယ်
   " ငါဘာမှ မဖြစ်ဘူး ၊ အဲ့ဒါ မင်းရဲ့ သွေးတွေပါ "

  သူ့စကားကို စူးယီမော့ကြားမှ ရင်ထဲပေါ့သွားပြီး လက်မောင်းက ပူစပ်စပ်နာနေတာကို ခံစားမိတော့တယ် အခု ထုံတောင်ထုံနေပြီ ။

  လျန်ဖုံးကေား အင်္ကျီအနားသားကို ဖြဲချကာ စည်းနှောင်မှုတချို့ လုပ်ပေးလေတယ် ။

  စူးယီမော့က လျန်ဖုံးကေား သေချာစွာလုပ်ပေးနေပုံကို စိုက်ကြည့်ရင်း ရုတ်တရက်မေးမိတယ်
  " ဘာလို့ ရုတ်တရက်ထွက်လာပြီး ကိုယ့်အစား ကျည်ဆံလာကာပေးရတာလဲ ? မင်းအခု ကိုယ့်ရဲ့ အလုပ်ကို လက်မခံထားဘူးလေ ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး "

  လှုပ်ရှားမှုက ဦးနှောက်ထက်မြန်သွားတယ်လို့ ပြောလို့ရမလား ? သူက စူးယီမော့ဒဏ်ရာရတာကို မမြင်ချင်ရုံသက်သက်ပဲလေ ။

  လျန်ဖုံးကေား သက်ပြင်းချမိကာ စူးယီမော့ လျန်လျောကြည့်ထားတဲ့ အင်္ကျီကို လက်ညိုးထောက်ပြကာ ပြောတယ်
   " ငါ့မှာ ကျည်ကာအင်္ကျီရှိတယ် ၊ ဒါ့ကြောင့် အကြောက်အလန့်မရှိတာ ။ မင်းပဲ ၊ ဘာလို့ ငါ့ကို ကိုယ်အောက် ပြန်ကာထားရတာလဲ ? "

  " မင်း ဒဏ်ရာရတာကို မမြင်ချင်လို့ပါ "
  စူးယီမော့က သူ့ကို သေချာစွာစိုက်ကြည့်ကာ ပြောနေရင်း ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ လေးနက်နေသော လေသံဖြင့် သေချာမှာကြားကာပြောတယ်
   " နောက်ဆို ဒီလောက်အန္တရယ်များတဲ့ အလုပ်မလုပ်နဲ့တော့ ၊ ကျည်ကာဝတ်ထားလည်း မစွန့်စားရဘူး ! တဖက်က စနိုက်ပါ ၊ ကျည်ကာကို ဖေါက်ထွက်နိုင်တယ် ! မင်း ဒဏ်ရာရတာ တကယ်မမြင်ချင်ဘူး ! ငါ စိတ်ပူမိလိမ့်မယ် ဝမ်းနည်းမိလိမ့်မယ် , အပြစ်တင်မိလိမ့်မယ် ...ဒါ့ကြောင့်....ငါ့ကို ကတိပေးပါကွာ သူများအတွက်နဲ့ ကိုယ့်ကိုကိုယ် အန္တရယ်တောထဲ မနေပါနဲ့တော့...."

လူစားထိုးWhere stories live. Discover now