103

373 73 2
                                    

  056

      " မင်း အရင်က အမြဲတမ်း ဒီလိုပဲလား ? "
စူးယီမော့ ရင်ထဲက ဒေါသကို မနည်းဖိထားရတယ် ။

  လျန်ဖုံးကေားက ကိုယ့်ရဲ့အလုပ်ကို ပြီးမြောက်ဖို့အတွက် အသက်ကိုပင် မနှမြောတာကို သူ ထိန်းမရပဲ စိတ်တိုမိတယ် ။ ဒီတခေါက်ကိစ္စမှာလည်း သူ လေးငါးခွန်းပဲပြောရသေးတယ် အဆိပ်သွားပြေးစမ်းတယ် ၊ ကမူးရှူးထိုးနဲ့ ကိုယ့်ကို တန်ဖိုးမထားလိုက်တာ !

  " အင်း ? "
လျန်ဖုံးကေားက သူ့ကို ရုတ်တရက်ပြောတဲ့စကားကို နားမလည်လိုက်တာမို့ မျက်လုံးပင့်ကာ စူးယီမော့ကို ကြည့်လိုက်တယ်
   " ဘာလဲ ? "

  " ငါ မေးတာက ၊ မင်း အရင်ကတည်းက ဒီလို အသက်ပါ ရင်းတာပဲလား ? ကိုယ့်အတွက်ကို မစဉ်းစားဖူးဘူးလား ? "
  စူးယီမော့ အပြစ်တင်ကာ မေးလေပြီ
  " မင်း ကိုယ့်အတွက်ကိုယ် မစဉ်းစားလဲ သူငယ်ချင်း‌ နဲ့အိမ်သားတွေကို စဉ်းစားပါအုံး ? မင်းဒီလိုလုပ်တာ သူတို့လည်း စိတ်ပူမှာပေါ့ !

  လျန်ဖုံးကေား မျက်လုံးတွေအေးစက်သွားကာ
  " င့ါမှာအိမ်သားမရှိဘူး ! အဲ့လောက်အများကြီး စဉ်းစားဖို့ မလိုဘူး ! "
      သေသေရှင်ရှင် ...ကိုယ်တယောက်တည်းရဲ့ ကိစ္စပဲ။
  
     စူးယီမော့က လျန်ဖုံးကေားရဲ့ မျက်နှာ ရုတ်တရက် အေးစက်ပြီးအထီးကျန်သွားပုံကို မြင်တော့ ရင်ထဲနာကျင်သွားမိကာ တောင်းပန်ရှာတယ်
  " sorry...."

  " ....ငါ စိတ်အရမ်း လှုပ်ရှားသွားလို့ပါ "
လျန်ဖုံးကေား အမြန်ကို စိတ်ကိုပြန်ထိန်းလိုက်ပြီး နှုတ်ခမ်းတောင့်ကို ယဲ့ယဲ့ကွေးကာ စူးယီမော့ကို ပြန်ရင်ဆိုင်လိုက်တယ် ။

  သူ့ရဲ့ စိတ်အခြေအနေ ထိန်းသိမ်းနိုင်မှုကို စူးယီမော့ အံ့အားသင့်မိသွားပြီး သတိထားမိချိန်တွင် သူက လျန်ဖုန်းကေားကို ရင်ခွင်ထဲ ပွေ့ထားမိပြီးပြီ ။

  လျန်ဖုံးကေားမှာ အံ့ဩပြီး မျက်လုံးတွေပြူးသွားကာ နှလုံးတွေ တဒိတ်ဒိတ်ခုန်သွားတယ် ၊ သူ့ကျောပေါ်ကို စူးယီမော့က ပုတ်ပေးနေတာကို သတိထားမိပြီး နားထဲမှာလည်း လေသံကအေးစက်‌ပေမဲ့လည်း နွေးထွေးတဲ့ စကားလုံးတွေ ကြားလိုက်ရတယ်
   " နောက်ဆို ငါ့ရှေ့မှာ ဟန်ဆောင်ဖို့ မလိုပါဘူး ။ အကယ်၍ မပျော်ဘူးဆို စိတ်ကြိုက် လွှတ်ထုတ်လိုက် ၊ ငါ့ကိုလည်း ပြောပြလို့ရတယ် ၊ မပြောပြချင်လည်း အတင်း မရယ်နေနဲ့တော့ ။ မင်းက မင်းပါပဲ ၊ မင်းရဲ့ ကိုယ်ပိုင် ပျော်ရွှင်ဝမ်းနည်းမှုတွေ ရှိသင့်တာပေါ့ သူများရဲ့ ကမ္ဘာကိုပဲ သရုပ်မဆောင်နေပါနဲ့ ...."

လူစားထိုးWhere stories live. Discover now