056

401 76 3
                                    


    
  009
   
      လျန်ဖုံးကေား ခြေမငြိမ်လက်မငြိမ်စွာဖြင့် စူးယီမော့နောက်ကလိုက်ရင်း စင်္ကြံရဲ့ အဆုံးတဖက်ကို ရောက်သွားလေပြီ စူးယီမော့က လိုအပ်ရင်သုံးဖို့ ငှားရမ်းထားတဲ့ အခန်းပိုတံခါးကို တွန်းဖွင့်ကာ လျန်ဖုံးကေားကို ဝင်လာဖို့ အချက်ပြတယ် ။ လျန်ဖုံးကေား ခြေလှမ်းချရုံသာရှိသေး စူးယီမော့က အခန်းတံခါးကို ပိတ်ပြီး လော့ခ်ပါချလိုက်တယ် ။

  လျန်ဖုံးကေား နှာခေါင်းလေးပွတ်ရင်း
   " ထပ်ချကြဦးမှာလား ? "

  စူးယီမော့ကတော့ ကိုယ်ကိုလှည့်လာပြီး လျန်ဖုံးကေားကို သေချာစိုက်ကြည့်နေတယ် စကားမပြောဘူး ။ အကြည့်ကလည်း ခဏကလောက်မအေးစက်နေဘူး ။

  လျန်ဖုံးကေားမှာ စူးယီမော့ရဲ့အကြည့်အောက်မှာ မနေတတ်တာမို့ အထဲကို နှစ်လှမ်းခန့် ဝင်သွားတော့ စားပွဲကိုတွေ့တာနဲ့ ခုန်တက်ထိုင်လိုက်ပြီး ခြေနှစ်ချောင်းကို လှုပ်ရမ်းနေတယ်၊ စူးယီမော့ကို လည်း ‌မကြည့်ပဲ ကိုယ့်ရဲ့ ခြေထိပ်ကိုပဲ ကြည့်ရင်း မေးတယ်
   " ဘာကိစ္စများလဲ ? "

  " ငါ မင်းကို ကိစ္စတခု တောင်းဆိုချင်လို့ပါ "

  " အော်၊ ဒါက ပါးရိုက်ပြီး အချိုကျွေးတာလား ? "
  လျန်ဖုန်းကေား  မလုပ်ချင်တဲ့ ပုံစံနဲ့ မျက်ခုံးပင့်လိုက်တယ် ။

  " မင်းက အရင်ဆုံး ဘာမပြောညာမပြော ဝင်တိုက်ခိုက်တာလေ "
စူးယီမော့ သေချာအောင် ထပ်ပြောတယ် ၊
   " ငါ က ခံစစ်ဘက်က ကာတာ "

  " ကျစ် !"
   လျန်ဖုံးကေား မျက်ဖြူလှန်ပြရင်း စုပ်ပါသပ်လိုက်တယ်
  " မင်းတကယ် စိတ်ရင်းနဲ့ဆို ငါ ရိုက်တာကို မလှုပ်ပဲ ခံရမှ မှန်တာ "

   " ငါ ဘာလို့ ရပ်ပြီး မလှုပ်ပဲ မင်းရိုက်တာ ခံရမှာလဲ ? "

  " ...အဲ့ဒါကြောင့် မင်း စိတ်ရင်းမပါပါဘူးဆို ! "
လျန်ဖုံးကေားက ပတ်ကာဝှေ့ကာ ပြောနေပြီး ကိုယ်က စူးယီမော့ အယောင်ဆောင်ပြီး ကျင်ချိုးဟန်ကို လာညာလို့ စူးယီးမော့က ကိုယ့်ကို လာထိုးမှာ ကြောက်လို့ဆိုတာကို ဝန်မခံရဲနေဘူး ဒါ့ကြောင့် အရင်ဆုံး တိုက်ကွက်ဝင်ပြီး သူ့နဲ့ချတာလေ။

လူစားထိုးWhere stories live. Discover now