070

446 89 6
                                    

  023

       စည်ကားတဲ့ party ပွဲမှာ နယ်ပယ်အသီးသီးက လူတွေက ဝတ်ကောင်းစားလှတွေဖြင့် တက်ရောက်ကြတယ် ။
  အန်းမုက နို့နှစ်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားကာ ခြေတံမြင့်အရက်ခွက်ကို ကိုင်ပြီး နာမည်ရအမျိုးသမီးကြယ်ပွင့်တဦးနှင့် စကားပြောနေတယ် သူ့မျက်နှာပေါ်မှာက အပြုံးကလည်း အလွန်နွေးထွေးကာ နွေရာသီရောက်သွားသလိုပဲမို့ ထို မင်းသမီးမှာ တချက်တချက် ခေါင်းငုံ့ပြီး ချိုမြိန်စွာပြုံးနေတယ် အကြည့်တွေဆုံတိုင်း မျှော်လင့်ချက်မျက်ဝန်းတွေဖြင့် အန်းမုအပေါ်စိတ်ဝင်စားမှုရှိနေတယ် ။

  ထိုမင်းသမီးမှာ ခရင်းဖြင့် အမဲသားတတုံးကို ထိုးပြီး အန်းမုပါးစပ်နားခွံတော့မဲ့အချိန် အန်းမုက တနေရာကိုကြည့်ရင်း ပါးစပ်ကတောက်ပတဲ့အပြုံးတွေတောင့်သွားပြီး မျက်နှာထားကလည်း တောင့်သွားကာ ဘာလုပ်ရမယ်မသိတော့တဲ့ပုံကို တွေ့လိုက်ရတယ် ။

  မင်းသမီးကလည်း သိလိုစိတ်ဖြင့် သူ့ရဲ့အကြည့်အတိုင်းခေါင်းလှည့်ကြည့်လိုက်ရာ မြင့်မားခန့်ချောသောအမျိုးသားတဦးက ခြေလှမ်းပုံမှန်ဖြင့် ဒီဘက်ကို လာနေတာတွေ့လိုက်တယ် ။
      လန်ခွန်းဖြစ်ပါတယ်။
    
---ရိုးရှင်းပေါ့ပါးတဲ့ဝတ်စားဆင်ယင်ပုံနဲ့ ဒီလိုအထူးပြင်ဆင်ထားတဲ့ partyနဲ့ ဆို ဘောင်မဝင်သလိုဖြစ်နေတယ် ။ သို့သော်လည်း လန်ခွန်းက ဘယ်သူကိုမှအရေးမထားတဲ့အမူအရာနဲ့ ပိုင်စိုးပိုင်နင်းမျက်လုံးတွေက   စူးရှစွာစိုက်ကြည့်လာတယ်။

  လန်ခွန်းက အန်းမုထက်အနည်းငယ်ပိုမြင့်တယ် ၊ body sizeလည်းပိုသန်တယ် ဘေးမှာရပ်နေရုံ‌နဲ့တင် ဘယ်သူမှ မော်မကြည့်ရဲလောက်ဘူး ။

  မင်းသမီးလည်း အလိုက်သိစွာ ခရင်းကိုချပြီး ဂါဝန်အနားကို'မ'ကာတခြားဘက်ကို သွား‌လိုက်တယ် ။

  အန်းမုအကြည့်တွေပြန်သိမ်းလိုက်ပြီး အတွေးတွေကိုဖိချကာ လှည့်ထွက်သွားတော့တယ်။

  လန်ခွန်းက သူ့ကို မနည်းရှာတွေ့ထားတာမို့ သူ့ကို အလွယ်တကူ ပေးသွားပါ့မလဲ မြှားလိုခြေလှမ်းများဖြင့် သူ့ရှေ့မှာတားလိုက်ပြီး အေးစက်နေတဲ့အန်းမုကိုကြည့်ပြီး ဘာပြောရမယ်မှန်းမသိနေဘူး ။

လူစားထိုးWhere stories live. Discover now