014

437 81 2
                                    


  014

     အပိုတွေအလိုတွေမစဉ်းစားနေပဲ လျန်ဖုန်းကေားက ခါးကိုင်းပြီး ကုတင်ပေါ်က ရေချိုးဝတ်ရုံရှည်ကို ဆွဲယူလိုက်ပြီး ကိုယ်ပေါ်ခြုံလိုက်ပြီးမှ မျက်လုံးပင့်ကာ
" ငါ့ကိုရှာတာ ကိစ္စရှိလို့လား ? "

  " ခဏက ....sorry...ပြီးတော့ ...ကျေးဇူး "
စူးယီမော့ အကြည့်တွေကို ပြန်မသိမ်းပဲ မျက်နှာထားမပြောင်းပဲ နှလုံးမခုန်စွာနဲ့ လျန်ဖုန်းကေားကို ကြည့်နေတယ်။

  အခုဆိုတာက မီးဖိုချောင်ထဲက ပြောခဲ့တဲ့စကားအတွက် တောင်းပန်တယ်လို့ ဆိုလိုတာလား ? ကျေးဇူးဆိုတာကတော့ ကွဲသွားတဲ့ ဗုံးကိစ္စအတွက်နဲ့ ကျေးဇူးတင်တာသေချာတာပေါ့ ။
  ဒါပေမဲ့ ၊ သူ့ရဲ့ လေသံက မာလိုက်တာ ?! တောင်းပန်တာပဲဖြစ်ဖြစ် ကျေးဇူးတင်တာပဲဖြစ်ဖြစ် စိတ်ထဲကနေပြောနေတာလို့ မထင်နေရဘူး ။ ဒါပေမဲ့ ထူးထူးခြားခြား ပါးစပ်ဟကာ လာတောင်းပန်တော့လည်း  ခွင့်လွှတ်ရမှာပေါ့ အနည်းဆုံးတော့ သူက ကိုယ့်ရဲ့ အလုပ်ရှင်မလား ။

  လျန်ဖုန်းကေား ပုခုံးတွန့်လိုက်ပြီး တခွန်းတည်းနဲ့ ဖြေရှင်းလိုက်တယ်
" ရပါတယ် ၊ အားမနာပါနဲ့ "

  " မင်း အမာရွတ်ဆွဲနေတာလား ? "
လျန်ဖုန်းကေား က နှာခေါင်းလေးအသာလေး ပွတ်လိုက်မိတယ် ဒီလို အေးစက်စက် စကားနည်းတဲ့ ရေခဲတောင်လိုအမျိုးသားက စကားမရှိစကားရှာလာပြောနေတာကို သူကျင့်သားရဖို့ အတော် ခက်ခဲတယ် ။
  
   " မင်း မြင်နေတာပဲ ၊ ငါ အများကြီးပြောစရာမလိုဘူးမလား ? "
ကြည့်လေ ၊ ဒီရေခဲတောင်လိုအမျိုးသားက စကားစရှာတာတောင် ညံ့လိုက်တာ !
  
    " ငါမင်းကို ကူပေးရမလား ? "
စူးယီမော့ရဲ့ အကြည့်က စပြီးရဲတင်းလာပြီ လျန်ဖုန်းကော သေချာမခြုံနိုင်လို့ ပေါ်နေတဲ့ ရင်ပတ်သားကို သေချာစိုက်ကြည့်နေပြီး စိတ်ထဲကနေ သက်ပြင်း‌တွေချမိတယ် ၊ ဒီမျက်နှာတထောင်မိစ္ဆာကို ရှာပြီး ကိုယ်နဲ့အတူ နေထိုင်ဖြတ်သန်းဖို့က မှားသလား မှန်သလား မသိတော့ဘူး ....သူ အမှုမဲ့အမှတ်မဲ့ ထွက်ပေါ်လာတတ်တဲ့ အကြည့်တွေနဲ့ မရည်ရွယ်ပါပဲ လုပ်လိုက်တဲ့ လူပ်ရှားမှုတွေက သူ့ရဲ့ နှလုံးသားစည်းချက်ကို တီးခတ်လို့နေတယ် ။ အထူးသဖြင့် ကိုယ့်ချစ်ရသူတဲ့ မျက်နှာကိုလည်းတပ်ဆင်ထားသေးတာ ....

လူစားထိုးWhere stories live. Discover now